COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
1529

မုံရွာ၊ ဧပြီ- ၃၀

• ရောဂါ ကူးစက်ခံရသူ – ၃ , ၂၁၉ , ၄၈၁ ဦး
• သေဆုံးသူ – ၂၂၈ , ၂၀၁ ဦး
• ပြန်လည်ကျန်းမာလာသူ – ၁ , ၀၀၀ , ၃၀၀ ဦး

◾ဟောင်ကောင်မှာ COVID-19 လက္ခဏာမပြဘဲ ကူးစက်မှုတွေကို စုံစမ်းနိုင်ရေး ဒေါ်လာ ၃ သန်းသုံးစွဲပြီး လူတန်းစားအစုံကနေ Antibody စစ်ဆေးဖို့ သွေးနဲ့ တံတွေး နမူနာယူမယ်လို့ South China Morning Psot မှာ ရေးသားထားပါတယ်။

◾စင်ကာပူမှာ COVID-19 ကူးစက်ခံရသူအသစ် ၆၉၀ ဦးနဲ့ စုစုပေါင်းကူးစက်ခံရသူ ၁၅၆၄၁ ဦး ရှိသွားပါပြီ။

◾အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ အသစ် ၄၆၃ ဦး၊ စုစုပေါင်းကူးစက်ခံရသူ ၃၁,၇၈၇ ဦးနဲ့ သေဆုံးသူ တစ်ထောင်ကျော်ရှိသွားပါတယ်။

◾ဂျပန်မှာတော့ သေဆုံးသူပေါင်း ၄၀၀ ကျော်နဲ့ ကူးစက်ခံရသူ ၁၃,၇၃၆ ဦး ရှိပါတယ်။

◾အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါနဲ့ သေဆုံးသူ ၅၈,၃၅၁ ယောက်ထိ ရှိလာပြီး ကူးစက်ခံရသူလည်း တစ်သန်းကျော်သွားတဲ့အတွက် ကမ္ဘာပေါ်က ကူးစက်မှုပေါင်းရဲ့ ၃ ပုံ ၁ ပုံကို အမေရိကန်က ခံရတဲ့သဘော ဖြစ်တယ်လို့ BBC သတင်းမှာ ရေးသား ထားပါတယ်။

◾ဘရာဇီးနိုင်ငံမှာ COVID-19 ရောဂါနဲ့ သေဆုံးသူ ၅၀၀၀ ကျော်သွားတဲ့အတွက် ကြုံခဲ့သမျှ ကပ်ဘေးတွေထဲ ဒီကပ်ဘေးဟာ သေဆုံးမှုအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ရက်အတွင်း သေဆုံးသူ ၄၇၄ ယောက် ထိရှိခဲ့ပြီး လက်ရှိမှာ ၇၁,၈၈၆ ယောက်ကူးစက်ခံထားရပါတယ်။ COVID-19 ရောဂါနဲ့ တရုတ်နိုင်ငံ သေဆုံးမှုထက်လည်း ပိုများသွားတယ်လို့ South China Morning Post မှာ ရေးသားထားပါတယ်။

◾ဂီနီယာဘစ်ဆော ဝန်ကြီးချုပ်နဲ့ ဝန်ကြီး သုံးဦးမှာ COVID-19 ရောဂါ ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောကြောင်း BBC သတင်းမှာ ရေးသားထားပါတယ်။

◾COVID-19 ရောဂါပိုး အဆုတ်ထဲရောက်မသွားအောင် နှာခေါင်းတွင်း ပိုးသတ်ဆေးဖြန်းပြီး ကာကွယ်နိုင်ကြောင်း လေ့လာမှုတစ်ခုမှာ တွေ့ရှိရတယ်လို့ Dailystar.co.uk မှာ ရေးသားထားပါတယ်။

◾COVID-19 နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ဖုံးဖိထားတဲ့ သက်သေတွေရှာနိုင်ရေး အိမ်ဖြူတော်အနေနဲ့ ထောက်လှမ်းရေးဌာနတွေကို ကျယ်ကျယ်ပြန့်ပြန့် ထောက်လှမ်း စုံစမ်းမှုတွေလုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ တရုတ်နိုင်ငံအပေါ် ဘယ်လို လက်တုံ့ပြန်ရမလဲဆိုတာကို အကြံဥာဏ်တွေ တောင်းခံထားကြောင်းလည်း Dailymailမှာ ရေးသားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here