COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
807

ကမ္ဘာ့သတင်း၊ ဧပြီ- ၃၀

• ရောဂါ ကူးစက်ခံရသူ – ၃ , ၂၃၅ , ၇၂၂ ဦး
• သေဆုံးသူ – ၂၂၈ , ၆၀၅ ဦး
• ပြန်လည်ကျန်းမာလာသူ- ၁ , ၀၀၉ , ၄၂၃ ဦး

◾COVID-19 နဲ့ ဆက်နွယ်ပြီး ကင်ဆာ ဝေဒနာရှင်၂၀ % လောက် သေဆုံးမှု မြင့်သွားပြီး နောက် တစ်နှစ်အတွင်း အင်္ဂလန်မှာ ကင်ဆာဝေဒနာရှင် ၆၂၇၀ လောက် သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံတွင်းက ကင်ဆာလူနာ အားလုံးကို ပေါင်းလိုက်မယ်ဆိုရင် ၁၇၆၉၅ ယောက်တိုးပြီး သေဆုံးနိုင်တယ်လို့ လည်း bmj မှာ ရေးသားထားပါတယ်။

◾ဘရာဇီး အစိုးရက COVID-19 နဲ့ ပတ်သက်တဲ့ သေဆုံးမှုမြင့်တက်နေသလို ကူးစက်မှုလည်းမြင့်တက်လာလို့ အခြေအနေဆိုးလာကြောင်း၊ လာမယ့် သတင်းပတ်တွေမှာ ပိုဆိုးမယ်လို့ ဝန်ခံလိုက်ပါတယ်။ ခုချိန်ထိ တစ်ရက်အတွင်း ၄၇၄ ယောက် ထိရှိခဲ့ပြီး လက်ရှိထိ ကူးစက်ခံရသူ ၇၁၈၈၆ ဦး သေဆုံးသူ ၅၀၁၇ ဦး ရှိတယ်လို့ telesurtv မှာ ရေးသားထားပါတယ်။

◾ကွန်မြူနစ်တွေ လုပ်တတ်တဲ့ သတင်းမှားဖြန့်တဲ့ နည်းဟောင်းကြီးပါ။ သူတို့ နိုင်ငံထဲ ဘာဖြစ်နေသလဲ ဆိုတာ သူတို့သိပါတယ်” လို့ ကိုရိုနာ ဗိုင်းရပ်နဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးကြီးက တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဝေဖန်မှုကို တုန့်ပြန်လိုက်ပါတယ်။ “အမေရိကန်တွေက ကပ်ဘေးနဲ့ပတ်သက်ပြီး လိမ်ညာနေတယ်” ဆိုတဲ့ တရုတ်ဘက်က စကားကို ပြန်လည် ဝေဖန်လိုက်တာပါလို့ foxnews မှာ ရေးသား ထားပါတယ်။

◾အီဘိုလာရောဂါ ကုသဆေးဖြစ်တဲ့ Remdesivir ကို COVID-19 ပြင်းပြင်းထန်ထန် ဖြစ်နေသူ ၃၉၇ ယောက်ကို စမ်းသပ်ရာမှာ တဝက်ကျော်ဟာ ၁၄ ရက်အတွင်း ဆေးရုံက ဆင်းသွားနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာနက COVID-19 အတွက် ဒီဆေးကို အရေးပေါ်အတည်ပြုပေးဖို့ထိ အစိုးရက တောင်ဆိုသွားမယ်လို့ dailymail မှာ ရေးသားထားပါတယ်။

◾လော့စ်အိန်ဂျလိစ် မြို့ဟာ အမေရိကန်နိုင်ငံ မှာ COVID-19 ရောဂါရှိသူ မြို့သားအားလုံးကို အခမဲ့ ရောဂါ စစ်ပေးမယ့် ပထမဆုံးမြို့ဖြစ်လာတယ်လို့ CNBC မှာ ရေးသားထားပါတယ်။

◾အမေရိကန်မှာ COVID -19 ကြောင့် သေဆုံးသူ ၆ သောင်းခန့် ရှိလာတဲ့ အတွက် ၁၉၆၇ ခုနှစ်က တုပ်ကွေးကြောင့် သေဆုံးမှု တစ်သိန်းထက် မကြာခင်မှာ ကျော်သွားနိုင်တယ်လို့ ဆိုပါတယ်။ ၁၉၁၈ ခုနှစ် စပိန် တုပ်ကွေး ကပ်ဘေးတုန်းကလည်း အမေရိကန်မှာ သေဆုံးသူ ၆၇၅,၀၀၀ ကျော် ရှိခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ရေးသားထားပါတယ်။

◾COVID-19 ကပ်ရောဂါ ဖြစ်ရပ်တစ်ခုလုံးကို ထရမ့်က တရုတ်အပေါ် ပုံချနေပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း ရွေးကောက်ပွဲမှာ ထရမ့်ကို ရှုံးစေချင်ပြီး၊ ဂျိုးဘိုင်ဒင်ကို နိုင်စေခချင်နေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ တရုတ်က သူတို့အပေါ်ထားတဲ့ ကုန်သွယ်ရေးပြဿနာ ဖိအားတွေကို ဖယ်ရှားလိုတဲ့အတွက် ဖြစ်ကြောင်း South China Morning Post မှာ ရေးသားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here