COVID- 19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
532

ကမ္ဘာ့သတင်း၊ မေ- ၆

• ရောဂါ ကူးစက်ခံရသူ – ၃,၇၅၃ ,၁၈၉ ဦး
• သေဆုံးသူ – ၂၅၉, ၃၈၀ ဦး
• ပြန်လည်ကျန်းမာလာသူ – ၁ ,၂၅၆,၅၈၀ ဦး

◾ရုရှားအစိုးရဟာ COVID-19 ကာကွယ်တားဆီးမှုကို ဟန်ဆောင်လုပ်နေပြီး၊ ပြည်သူကလည်း အမိန့်တွေကို လိုက်နာသလို ဟန်ဆောင်နေပါတယ်။ ကပ်ဘေးဖြစ်တဲ့ ပြင်းထန်မှုကိုလည်း အစိုးရက ဖုံးကွယ်ထားတယ်လို့ themoscowtimes မှာ ရေးသားထားပါတယ်။

◾ဖိလစ်ပိုင်နိုင်ငံမှာ COVID-19 ရောဂါကူးစက်မှု ၁ သောင်းကျော်သွားပါတယ်။သေဆုံးသူ ၆၅၈ ယောက်ရှိပြီး ပြန်လည်ကျန်းမာလာသူ ၁၅၀၆ ယောက်ရှိတယ်လို့ spa.gov.sa မှာ ရေးသားထားပါတယ်။

◾COVID-19 ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ပိုး အမျိုးအစားတစ်မျိုးမက ရှိနေပြီး၊ တရုတ်နိုင်ငံမှာ စတွေ့ကတည်းက ပုံစံပြောင်းတယ်လို့ဆိုပါတယ်။ အင်္ဂလန်နဲ့ အမေရိကန်က ပိုးနမူနာကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေကတော့ အာရှမှာ ဖြစ်နေတဲ့ ပိုးထက်ပိုပြီး မြန်မြန်ကူးစက်တတ်တဲ့ ပိုးပုံစံနောက်တစ်မျိုးလို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့တွေ့ရှိလိုက်တာကတော့ ပိုးဟာတစ်မျိုးပဲ ဖြစ်တယ်ဆိုတာကို metro.co.uk မှာ ရေးသားထားပါတယ်။

◾တောင်အာဖရိကမှာ COVID-19 ရောဂါရှိသူ ၇၅၇၂ ယောက် ရှိတယ်လို့ ဝန်ကြီးတစ်ယောက်က ပြောပါတယ်။ ခုချိန်ထိ စစ်ဆေးမှု၂၆၈,၀၆၄ ရှိပြီး၊ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းက ၁၀,၅၂၃ ယောက်ကို စစ်ဆေးပေးခဲ့တယ်လို့ Africa-newsroom.com မှာ ရေးထားပါတယ်။

◾နိုက်ဂျီးရီးယားနိုင်ငံက ကျန်းမာရေးဝန်ထမ်း ၁၆ ယောက်ကို COVID-19 ရောဂါကူးစက်သွားတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေက အကာကွယ်ဝတ်စုံမရှိရင် အလုပ်မလုပ်ဘူးလို့ ဆိုလာကြောင်း Allafrica.com မှာ ရေးသားထားပါတယ်။

◾အင်္ဂလန်နိုင်ငံ ဟီးသရိုးလေဆိပ်မှာ မျက်နှာကို ကင်မရာနဲ့ စကင်န်ဖတ်တဲ့နည်းနဲ့ COVID-19 ရောဂါကို စစ်ဆေးမှာဖြစ်ပြီး၊ ခရမ်းလွန်ရောင်ခြည်သုံးပြီး ပိုးသတ်ပေးတာ၊ ထိတွေ့မှုမရှိဘဲ လုံခြုံရေးစစ်ဆေးတာတွေကိုလည်း စမ်းသပ်ဆောင်ရွက်တော့မယ်လို့ dailymail မှာ ရေးသားထားပါတယ်။

◾တောင်ကိုရီးယားနိုင်ငံက Remdesivir လို့ခေါ်တဲ့ အီဘိုလာအတွက်ဆေးကို COVID -19 ရောဂါရှိသူအတွက် သုံးမယ်ဆိုရင် လူနာတိုင်းအတွက် အဆင်မပြေဘူးလို့ ဆိုပါတယ်။ ရောဂါလက္ခဏာတွေကို လျော့ပါးစေနိုင်ပေမယ့် ဘယ်လိုအခြေအနေရောက်နေတဲ့ လူနာကို ဒီဆေး ပေးသုံးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အတွက် စမ်းသပ်နေဆဲသာဖြစ်ကြောင်း pharmafile.com ဆေးဝါး ဆိုင်ရာ စာမျက်နှာ တစ်ခုမှာ ရေးသားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here