COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
891

ကမ္ဘာ့သတင်း၊ မေ- ၁၀

• ရောဂါ ကူးစက်ခံရသူ – ၄, ၁၀၀ , ၆၂၃ ဦး
• သေဆုံးသူ – ၂၈၀, ၄၃၁ ဦး
• ပြန်လည်ကျန်းမာလာသူ – ၁ ,၄၃၉, ၉၁၆ ဦး

◾တရုတ်ပြည်သူ့တပ်မတော်က ဆေးတပ်ဖွဲ့ဝင်တွေ၊ ဆေးပစ္စည်းတွေနဲ့ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် တကမ္ဘာလုံးကို အကူညီတွေ စေလွှတ်ပေးပို့နေပေမယ့် ယုံကြည်မှုပြဿနာ ရှိလာသလို၊ ဒီကပ်ဘေးကနေ ကမ္ဘာ့ဦးဆောင်သူ နေရာကို ဝင်ယူချင်တာ သိသာနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ပြည်ပနိုင်ငံတွေမှာ တရုတ်နိုင်ငံရဲ့ လုပ်ရပ်အပေါ် သံသယရှိနေခြင်းဟာ အတော်မြင့်မားနေတယ်လို့ South China Morning Post မှာ ရေးသားထားပါတယ်။

◾အင်္ဂလန်နိုင်ငံမှာ တစ်ရက်အတွင်း COVID-19နဲ့ သေဆုံးသူ ၃၄၆ ယောက်ထိ ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၃၁,၅၈၇ ယောက်ရှိပါတယ်။ တစ်ရက်အတွင်း တစ်သိန်းလောက် ရောဂါစစ်ဆေးမှု လုပ်ပေးမယ်လို့ ဆိုပေမယ့် ၉ သောင်းကျော် လောက်သာ စစ်ဆေးပေးနိုင်သေးတယ်လို့ အစိုးရ ပြောကြားချက်ကို Dailymail မှာ ရေးသားထားပါတယ်။

◾အမေရိကန်သမ္မတကတော် အီဗန်ကာထရမ့်ရဲ့ ကိုယ်ရေးအရာရှိမှာ ကိုဗစ်ရောဂါပိုးတွေ့ ခဲ့ပါတယ်။ ရောဂါလက္ခဏာမပြတဲ့ ကူးစက်မှုသာ ဖြစ်ကြောင်းဆိုပါတယ်။ သမ္မတရဲ့ ကိစ္စတွေ ဆောင်ရွက်ပေးရတဲ့ ရေတပ်သားတစ်ယောက်၊ နိုင်ငံခြားရေးဝန်ကြီးရဲ့ ဝန်ထမ်းတစ်ယောက်မှာလည်း ကူးစက်နေကြောင်း သတင်းတွေဆက်တိုက်တက်နေတယ်လို့ CNN နှင့် talkingpointsmemo တို့ မှာရေးသားထားပါတယ်။

◾ဟေတီနိုင်ငံဟာ အကြပ်တည်းအခက်ခဲတွေနဲ့ အသားကျနေပြီးသားပါ။ကမ္ဘာ့နိုင်ငံများနည်းတူ ဟေတီမှာလည်း COVID-19 ရောဂါ ကူးစက်ခံရပြီး လက်တွေ့ အခက်ခဲက ငတ်မွတ်မှု ဖြစ်လာခြင်းပါ။ WFP ရဲ့ ဟေတီ ဒါရိုက်တာပြောစကားအရ ပိုဆိုးသွားနိုင်တယ်လို့ CNN သတင်းမှာ ရေးသားထားပါတယ်။

◾စပိန်နိုင်ငံမှာ သေဆုံးနှုန်းကျဆင်းလာပြီး စနေနေ့မှာ သေဆုံးသူ ၁၇၉ ယောက် နဲ့ အရေအတွက် ဆက်လက်ကျဆင်းနေပါတယ်။ နိုင်ငံတွင်း COVID-19 ကြောင့် သေဆုံးသူ၂၆,၄၇၈ ယောက်ထိ ရှိခဲ့ပြီး၊ ရောဂါကူးစက်ခံထားရသူ ၂၂၂,၈၅၇ ယောက်ရှိတယ်လို့ Bloomberg သတင်းမှာ ရေးသားထားပါတယ်။

◾ရုရှားနိုင်ငံမှာ တစ်ရက်ကို COVID-19 ရောဂါ ကူးစက်နှုန်းဟာ တစ်သောင်းကျော်ရှိပြီး၊ ကူးစက်ခံရသူပေါင်း နှစ်သိန်းနားရောက်လာပါတယ်။ ကိုရိုနာရောဂါ ဆိုင်ရာလုပ်ငန်းအဖွဲ့ရဲ့ ပြောကြားချက်အရ တစ်ရက်အတွင်း သေဆုံးသူ ၁၀၄ ယောက်ထိရှိခဲ့ပြီး စုစုပေါင်း ၁၈၂၇ ယောက် သေဆုံးထားပါတယ်။ ရုရှားဟာ ပြင်သစ်၊ ဂျာမနီတို့ထက် ကျော်လွန်ပြီး ကူးစက်မှုတွေဖြစ်လာလို့ ကမ္ဘာပေါ်မှာ ကူးစက်မှုအခံရဆုံး ပဉ္စမမြောက်အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here