COVID-19 လူနာအမှတ် ၃၁၁နှင့် ကားအတူစီးခဲ့သူ ပင်လည်ဘူးမှ အမျိုသားအား သီးခြားစောင့်ကြည့်

0
2170

မောင်စိန်ချို
ပင်လည်ဘူး၊ ဇူလိုင်-၇

COVID-19 အတည်ပြုလူနာ ၃၁၁နှင့် ကားအတူစီးခဲ့သူ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ နန်းတပ်ကျေးရွာနေ အမျိုးသားအား သီးခြားစောင့်ကြည့်ထားကြောင်း မြို့နယ်ဆရာဝန်ကြီးက ပြောသည်။

၄င်းသည် ရွှေ​​တြိဂံနယ်မြေ နယ်စပ်မှပြန်လာပြီး ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် COVID-19ပိုးတွေ့လူနာနှင့် နယ်စပ် တာချီလိတ်မှ – တောင်ကြီးအထိ ကားအတူစီးခဲ့ခြင်းဖြစ်သည်။

“ကားတစ်စီးပေါ်မှာတော့ ၁၅ ယောက်ပါပါတယ်။ နောက်လမ်းပိုင်းစီးတာတော့ အတိအကျ မမှတ်မိတော့ဘူး”ဟု ပိုးတွေ့လူနာနှင့် ကားအတူစီးခဲ့သူက ပြောသည်။

၄င်းသည် တာချီလိတ်-တောင်ကြီး-မန္တလေး-ပင်လည်ဘူး လမ်းကြောင်းမှ ဇွန်၂၇ ရက်နေ့တွင် ရွာပြန်ရောက်လာခြင်းဖြစ်သည်။

ပိုးတွေ့လူနာနင့် ကားအတူစီးခဲ့သူအား မြို့နယ်ကျန်းမာရေးဌာနမှ မြို့နယ်ဆရာဝန် ဒေါက်တာကျော်နိုင် ဦးဆောင်အဖွဲ့မှ လိုအပ်သည့်အချက်လက်များ မေးမြန်းခဲ့ပြီး ရောဂါပိုး ရှိ၊ မရှိ အတည်ပြုနိုင်ရန် ၄င်း၏ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တို့အား ယူ၍ ဓာတ်ခွဲဌာနသို့ ပို့ခဲ့သည်။

“တိုင်းက ဆက်သွယ်ခဲ့မှသိရတာ။ ခုတော့ သူ့အခြေအနေကတော့ ပုံမှန်ပါပဲ”ဟု ဒေါက်တာကျော်နိုင်က ပြောသည်။

၎င်းအား ကျေးရွာတွင် စောင့်ကြည့်လူနာထားရှိရန် Quarantine ဖျက်သိမ်းထားမှုကြောင့် လယ်တောတွင် ယာယီစောင့်ကြည့်အဖြစ်ထားကြောင်း နန်းတပ်အုပ်စု အုပ်ချုပ်ရေးမှူး ကိုသန်းစိုးက ပြောသည်။

၄င်းနှင့်ထိတွေ့ခဲ့သော မိသားစုကိုလည်း လတ်တလော အသွားအလာကန့်သတ်မှုများ ပြုလုပ်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here