ကင်ညာနိုင်ငံမြို့တော်လေဆိပ်တွင် ဆန္ဒပြမှုကြောင့် ခရီးသည် ရာချီ သောင်တင်

0
362

ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီ လေဆိပ်တွင် ဆန္ဒပြသပိတ်မှောက်သော အလုပ်သမားများကြောင့် လေဆိပ် မလည်ပတ်နိုင်ဖြစ်ကာ ခရီးသည်ရာချီ လေဆိပ်တွင် သောင်တင်နေခဲ့သည်။

တစ်ဆက်တည်းတွင်ပင် အရှေ့ အာဖရိကတွင် ခရီးသည်များဆုံး အသုံး ပြုရာ လေဆိပ်လည်းဖြစ်သည်။ လေယာဉ်ပျံသန်းမှုအားလုံးကို ညသန်းခေါင်အထိ ပိတ်ထားမည်ဟု ဂျိုမို ကင်ညာတာလေဆိပ် အာဏာပိုင် များက ခရီးသည်များကို အကြံပေးခဲ့ သော်လည်း ကြိုတင်ရောက်နှင်နေပြီဖြစ် သော ရာချီသည့်ခရီးသည်များသည် လေဆိပ်တွင် နာရီချီစောင့်ဆိုင်းခဲ့ကြရ သည်။

အလုပ်သမားများကို မီးထိုးပေးမှု ဖြင့် အလုပ်သမားသမဂ္ဂ ခေါင်းဆောင် တစ်ဦးကို ဖမ်းဆီးရန် ရဲကလေဆိပ်ထဲ ဝင်ရောက်ချိန်တွင် မျက်ရည်ယိုဗုံးများ သုံးခဲ့သောကြောင့် သပိတ်မှောက် ဆန္ဒပြသူများနှင့် ခရီးသွားများသည် လေဆိပ်အတွင်း မျက်ရည်ယိုဗုံးဒဏ်ခံ ခဲ့ရပြီး ရုတ်ရုတ်သဲသဲအခြေအနေ ဖြစ်ပေါ်ခဲ့သည်။ ခရီးမဆက်နိုင်ဖြစ်နေသည့် ခရစ္စ တင်းဆိုသူ အမျိုးသမီးကမူ ရဲတပ်ဖွဲ့ သည် လေဆိပ်အတွင်း မလိုအပ်ဘဲ မျက်ရည်ယိုဗုံးသုံးခဲ့သည်ဟု ဝေဖန် သည်။

ထို့နောက်တွင်မူ ခရီးသည်များကို လေဆိပ်ကနေ ထွက်ခွါရန်နှင့် လေဆိပ် အဆောက်အအုံပြင်ပ စောင့်ဆိုင်းရာ နေရာတွင် စုဝေးနေကြရန် ရဲက အသိ ပေးခဲ့သည်။ ထို့နောက် ဆန္ဒပြမှုအပြီး ၁၂ နာရီအကြာတွင် အခြေအနေတည်ငြိမ် လာသောကြောင့် မွန်ဘိုင်းမြို့ကို လေယာဉ်တစ်စင်း ပထမဆုံးပျံသန်း ထွက်ခွါခဲ့သည်။ ဆန္ဒပြမည့်အကြောင်း ကြိုတင် ကြေညာထားခြင်းမရှိသည့် လေဆိပ် ဝန်ထမ်းများသည် နိုင်ငံပိုင်လေကြောင်း လိုင်း ကေအေအေကို ကင်ညာလေ ကြောင်းလိုင်းကုမ္ပဏီက လွှဲပြောင်းရယူ သည်ကို ကြိုတင်ကြေညာထားခဲ့ခြင်း မရှိခြင်းကို ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ကင်ညာပို့ဆောင်ရေးဝန်ကြီးကမူ ယခုကဲ့သို့လွှဲပြောင်းမှုကြောင့် ဝန်ထမ်း များ အလုပ်ဆုံးရှုံးမည်မဟုတ်ကြောင်း သတင်းထောက်များကို ရှင်းလင်း ပြောဆိုသည်။ ထို့ပြင် ယခုကဲ့သို့ ဆန္ဒပြ ခြင်းသည် တရားမဝင်သော အဖျက် အမှောက်လုပ်ရပ် ဖြစ်သောကြောင့် အရေးယူ ဆောင် ရွက်မှုများလုပ်သွား မည်ဟုလည်း ဝန်ကြီးကပြောသည်။

ကင်ညာလေကြောင်း အာဏာပိုင် အဖွဲ့၏ပြောဆိုချက်အရ ယခုလေဆိပ် ကို ၂၀၁၇ ခုနှစ်တွင် ခရီးသည် ၇.၆ သန်းအသုံးပြုခဲ့ပြီး ကုန်တန်ချိန် သုံး သိန်းတစ်သောင်းကျော် ပို့ဆောင်ရာ တွင် အသုံးပြုခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ထိုလေဆိပ်သည် ကင်ညာ ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး စုစုပေါငး်၏ ၅ ရာခိုင်နှုနး်ကို ရရှိနေစေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here