ကဒူးဒေသက သဘာဝရေညှိ

0
71

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် ကဒူးတိုင်းရင်းသားများရဲ့ ရေညှိပေါင်းဟာ ဆေးဘက်ဝင် ရိုးရာအစားအစာတစ်ခုပါ။ ရေညှိပေါင်းလုပ်ဖို့ ပင်လည်ဘူးနဲ့ ၂၂ မိုင်အကွာ တောင်မော်ရွာအနီး ဖောက်လပ်ရေတံခွန်ချောင်းကို သွားရတာဖြစ်ပါတယ်။ သဘာဝရေညှိကိုရဖို့ ဒေသခံတွေ ဘယ်လို ရှာဖွေလုပ်ကိုင်သလဲဆိုတာ မုံရွာဂေဇက်က မှတ်တမ်းတင် ရိုက်ကူးတင်ဆက်လိုက်ပါတယ်။

ဆေးဖက်ဝင် ရေညှိတွေရဖို့ ဖောက်လပ်ရေတံခွန်အထိ ခရီးနှင်ကြရပါတယ်။ ဓာတ်ပုံ- မောင်စိန်ချို
ဒေသခံတချို့ကတော့ ရေတံခွန်ကို လာရောက်လည်ပတ်ပြီးနောက် ပြန်ရောင်းကြဖို့ တစ်ပိုင်တစ်နိုင် ကောက်ယူသူတွေလည်းရှိပါတယ်။ ဓာတ်ပုံ- မောင်စိန်ချို
သန့်စင်ပြီးသားရေညှိတွေကို ပလိုင်းထဲထည့်သယ်၊ ပေါင်းစား၊ ချက်စား၊ ဟင်းချိုလုပ်သောက် နှစ်သက်သလို စားလို့ပါပြီ။ ဓာတ်ပုံ- မောင်စိန်ချို
ကောက်ပြီးသားရေညှိကို အမှိုက်၊ နွံ၊ သဲများသန့်စင်သွားဖို့ ရေညှစ်၊ လက်ဝါးထဲထည့် ထုရိုက်ရပါတယ်။ ဓာတ်ပုံ- မောင်စိန်ချို
ရေညှိမှာ အကြမ်း၊အချော နှစ်မျိုးရှိပြီး အချောကတော့ ရာသီမရွေးကောက်ယူစားသုံးနိုင်ပေမယ့် အကြမ်းကိုတော့ ဆောင်းတွင်းနဲ့နွေကာလသာ ရနိုင်ပါတယ်။ ဓာတ်ပုံ- မောင်စိန်ချို
ရေညှိတွေ ရေစင်အောင် ညှစ်လုံးထားရင် တစ်လလောက်ထိ ထားနိုင်ပါတယ်။ ရေညှိကို ဈေးကွက်မှာ ရောင်းဖို့ထက် ချစ်ခင်တဲ့ မိတ်ဆွေတွေကို ဒေသလက်ဆောင်အဖြစ်သာ ပေးကြတာ များပါတယ်။ ဓာတ်ပုံ- မောင်စိန်ချို