ကဗျာဆရာ ကေဇဝင်း အရိုးပြာအိုး လက်ပံတောင်းတွင် ဂူသွင်း

0
67

မုံရွာဂေဇက်
ဆားလင်းကြီး၊ မတ် – ၅

မုံရွာပစ်ခတ်ဖြိုခွင်းမှုတွင် လမ်းမထက်၌ ကျဆုံးခဲ့သော ကဗျာဆရာကေဇဝင်း၏ အရိုးပြာအိုးကို ၄င်း၏မွေးရပ်မြေ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းရွာတွင် ယနေ့ဂူသွင်းသဂြိုလ်သည်။

ဆရာကေဇဝင်းရုပ်အလောင်းကို ဆေးရုံရင်ခွဲရုံမှ ထုတ်အပြီး မတ်လ ၄ ရက်နေ့က မုံရွာမြို့ မြို့မသုသာန်တွင် မီးသဂြိုလ်ခဲ့သည်။

ဆရာကေဇဝင်း အရိုးပြာအိုးဂူသွင်းရာသို့ ကြေးနီစီမံကိန်းဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကဗျာဆရာများ၊ဒေသခံများ လိုက်လံပို့ဆောင်သည်။

ကဗျာဆရာကေဇဝင်း အုတ်ဂူကို ၎င်း၏ယာခင်းအတွင်း ထားရှိသည်။\