ကမ္ဘာ့မိုဘိုင်းဖုန်းကွန်ဂရက် ၂၀၂၀ ပွဲမှာ ဘာတွေမိတ်ဆက်လာနိုင်ချေရှိသလဲ

0
166

လာမယ့် ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ MWC 2020 ကို စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပတော့မယ်လို့ ကြားသိရပါတယ်။ အခုအချိန်မှာတော့ ပွဲကို တက်ရောက်ဖို့အတွက် မီဒီယာအသီးသီးကို ဖိတ်စာများ ပို့ပေးပြီးသွားပါပြီ။ MWC လို့ လူသိများတဲ့ Mobile World Congress ပွဲကြီးဟာ မိုဘိုင်းဖုန်း ထုတ်လုပ်ရေးကုမ္ပဏီတွေကြားမှာ ထင်ရှားတဲ့ ပွဲကြီးတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီ ပွဲမှာပဲ ကမ္ဘာ့ထိပ်တန်း မိုဘိုင်းဖုန်းထုတ်လုပ်ရေး ကုမ္ပဏီတွေကနေ သူတို့ရဲ့ဖုန်းမော်ဒယ်အသစ်တွေကို ကြေငြာလေ့ရှိပြီး သူတို့ ဘာဖုန်းတွေ ဆက်ထုတ်မယ်၊ ဘယ်လိုအမျိုးအစားတွေပါဝင်လိမ့်မယ်လို့လည်း ကုမ္ပဏီတစ်ခုနဲ့တစ်ခု အပြိုင်အဆိုင်ကို ကြေငြာလေ့ရှိကြပါတယ်။ ဒီနှစ် ၂၀၂၀ ပွဲမှာ ဘယ်သူတွေက ဘယ်လိုဖုန်းတွေကို မိတ်ဆက်လာနိုင်မလဲ၊ ဘယ်လို နည်းပညာအသစ်တွေကို မြင်တွေ့ရနိုင်ချေရှိသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Samsung

ဆမ်ဆောင်းကုမ္ပဏီဘက်ကနေပြီး MWC ပွဲမှာ မိတ်ဆက်လာနိုင်ချေရှိတဲ့ ဖုန်းအသစ်တွေတော့ များများစားစား သိပ်မရှိလှပါဘူး။ ဒါပေမယ့် ဒီပွဲအစားလာမယ့် ဖေဖော်ဝါရီ ၁၁ မှာတော့ Galaxy S20 series ကို ဆန်ဖရန်စစ္စကိုမြို့မှာ Unpack ပွဲလုပ်မယ်လို့ ကြေငြာထားပြီးဖြစ်ပါတယ်။

MWC ပွဲမှာ ဆမ်ဆောင်းမိတ်ဆက်လာနိုင်ချေရှိတဲ့ အရာတစ်ခုကတော့ ခေါက်နိုင်ကွေးနိုင်တဲ့ ဖုန်းဒုတိယမျိုးဆက်လို့ ပြောလို့ရတဲ့ Galaxy Z Flip ပါပဲ။ Galaxy Z Flip ကို မိတ်ဆက်ပြီး MWC ပွဲမှာ အောင်ပွဲခံနိုင်တဲ့ အလားအလာရှိပါတယ်။ နောက်တစ်ခု မိတ်ဆက်လာနိုင်ချေရှိတာကတော့ Galaxy Buds Plus လို့ အမည်ပေးထားတဲ့ wireless earbuds ပါပဲ။

Huawei

Huawei အနေနဲ့ မိတ်ဆက်လာနိုင်ချေရှိတာ တခုကတော့ ကုမ္ပဏီရဲ့ ပထမဆုံးခေါက်နိုင်ကွေးနိုင်တဲ့ ဖုန်းဖြစ်တဲ့ Mate X ရဲ့ နောက်မျိုးဆက်ဖြစ်တဲ့ Mate XS ပါပဲ။

Mate XS မှာတော့ Mate X ကို ထပ်အဆင့်မြင့် တင်ထားတဲ့ ဖုန်းတစ်လုံးအဖြစ် မိတ်ဆက်လာနိုင်ပါ တယ်။ Mate XS မှာတော့ Chipset ကိုတော့ Kirin 990 ကို အသုံးပြုထားမှာပါ။ အရင် MateX မှာတော့ Kirin 980 ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။

Fast Charging စနစ်ကိုလည်း 55W ကနေ 65W အထိ အဆင့်မြင့်ထားပါတယ်။ မျက်နှာပြင်ပိုင်းမှာလည်း Mate X ထက် ပိုကောင်း မွန်အောင် လုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် Mate XS မှာတော့ Google ရဲ့ App တွေ ပါဝင်မှာမဟုတ်ပါဘူး။

P40 စီးရီးကိုတော့ MWC မှာ အသစ်မြင် တွေ့နိုင်ဖွယ်မရှိပါဘူး။ အဲဒီအစား လာမယ့် မတ် မှာပဲ နောက်ထပ် Flagship Series တစ်ခုကို မိတ်ဆက်သွားမှာပါ။

Laptop အသစ်တွေကိုလည်းပွဲမှာ မိတ်ဆက် လာနိုင်ချေရှိနေပါသေးတယ်။

ဒါ့အပြင် Huawei ရဲ့ ဘရန်းအခွဲတစ်ခုဖြစ်တဲ့ Honor လည်း ပွဲမှာ ဖုန်းအသစ် ၆ လုံးလောက်ကို မိတ်ဆက်သွားဖို့ရှိတယ်လို့ ကြေငြာထားပါသေးတယ်။

Xiaomi

Xiaomi ကတော့ MWC 2020 မှာ Mi 10 စီးရီးကို မိတ်ဆက်သွားဖို့ရှိတယ်လို့ အစောကြီးကတည်းက သတင်းကြေငြာထားပါတယ်။ Snapdragon 865 Processor ကို အသုံးပြုသွားမှာပါ။ Xiaomi Mi 10 မှာတော့ ကင်မရာလေးလုံးပါဝင်ပါတယ်။ ကင်မရာ ၂ လုံးချင်းစီ တပြိုင် နက်အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ အပြင်ဘက်က ဒီဇိုင်းကတော့ Mi 9 အတိုင်းဖြစ်မယ်လို့ ပြောထားပါတယ်။ Fingerprint ပါဝင် လာမှာ မဟုတ်ပါဘူး။ ထွက်လာတဲ့ သတင်းတွေအရတော့ ၃၅ မိနစ်အားသွင်းထားရုံနဲ့တင် အားပြည့်စေမယ့် အမြန်အားသွင်းစနစ်လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ 5G စနစ်လည်း ပါဝင်လာမှာဖြစ်ပါတယ်။

Sony

ပြီးခဲ့တဲ့ နှစ် MWC မှာတော့ ဆိုနီကုမ္ပဏီက Xperia 1၊10 နဲ့10+ ဆိုတဲ့ ဖုန်းအသစ်သုံးလုံးကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ပွဲမှာ ဘာတွေ မိတ်ဆက်သွားမယ်ဆိုတာကိုတော့ အတိအကျ မသိရပေမယ့် လာမယ့် ဖေဖော်ဝါရီ ၂၄ မှာ ပွဲတစ်ပွဲကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီပွဲအတွက်လည်း မီဒီယာအသီးသီးကို တက်ရောက်ဖို့ ဖိတ်ကြားလွှာတွေ ပေးပို့ထားပြီး ဖြစ်ပါတယ်။

ဒီနှစ် MWC 2020 မှာတော့ Xperia 2 ကိုမိတ်ဆက်လာနိုင်တယ်လို့ သိရပါတယ်။ Xperia 1 ကို ထုတ်လုပ်ပြီး အောင်မြင်လာပြီး နောက်ထပ်ဗားရှင်းအသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ခြင်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here