ကလေးမြို့တွင် ငါးစားသုံးရေး အသိပညာပေး လှုပ်ရှားမှုလုပ်

0
353

အဟာရနှင့်စားနပ်ရိက္ခာဖူလုံရေး အသိပညာပေးလှုပ်ရှားမှုအဖြစ် ငါးစားခရီးဆက် ဘဝတစ်သက် ( Go Further With Fish) လှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက ကလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

“ဘဝတစ်သက်တာလုံး ငါးစားသွားစေချင်တဲ့ရည်ရွယ်ချက်ကြောင့်ပါ၊ငါးမှာပါတ ဲ့ဘီတာမင်သတု္တဓာတ်တွေဟာ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုစေတယ်၊မှတ်ဉာဏ်ချိုယွင်းတဲ့သူတွေကိုလည်း ကာကွယ်ပေးတယ်၊ရုပ်ရည်ကိုလည်း နုပျိုစေတယ်”ဟု ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးစိုးမြင့်သိန်းကပြောသည်။

၎င်း ပွဲကို ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနနှင့် gizဂျာမနီနှင့်မြန်မာပူးပေါင်းဆောင်ရွက်ရေးNGOအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီးကျောင်းသား/သူ များမှ Game ကစားခြင်းနှင့်တေးသရုပ်ဖော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ဦးညီညီ

LEAVE A REPLY

Please enter your comment!
Please enter your name here