မုံရွာ၊ မတ် – ၂
ကလေးမြို့ လူထုသပိတ်ကို ဖြိုခွင်းရာတွင် သေနတ်ဒဏ်ရာရရှိသူ လေးဦးထိ ရှိပြီး ဝမ်းဗိုက်နှင့် ရင်ဘက် သေနတ်ဒဏ်ရာရသည့် နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။
လေးဦးစလုံးမှာ ယောကျာ်းလေးဖြစ်ပြီး လူငယ်များဖြစ်သည်ဟု မျက်မြင်တွေ့သူများက ပြောသည်။
ကလေးမြို့လမ်းစုံတွင် လူထုသပိတ်ကိုရဲနှင့်တပ်မတော်ဘက်မှ မျက်ရည်ယိုဗုံးများပစ်ခြင်း၊ သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။
ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိကြောင်း သိရသည်။