ကသာငါးချဉ်

0
236

ကသာကိုရောက်ရင် အိမ်ပြန်လက်ဆောင် မှာတတ်ကြတာကတော့ ငါးချဉ်ပါ။ ကသာငါးချဉ်ဟာ ဒေသတွင်းသာမက မြန်မာပြည်တစ်ခွင် ကျော်ကြားလှပါတယ်။ ဧရာဝတီမြစ်ကြီးကပေးတဲ့ ငါးသယံဇာတတွေကို စစ်ကိုင်းတိုင်း ကသာမြို့က ကောင်းကောင်းအသုံးချထားနိုင်တာ ဖြစ်ပါတယ်။ ငါးချဉ်ကို ကသာဒေသ အလှူမင်္ဂလာပွဲတွေမှာ ငွေကြေးတတ်နိုင်သူတွေကတော့ အရံဟင်း လုပ်ကျွေးလေ့ရှိပြီး အခြေခံလူတန်းစားများကတော့ ထမင်းမြိန်တဲ့ အဓိကဟင်းအဖြစ် စားသုံးကြပါတယ်။ ဒီတစ်ပတ်မှာတော့ ကသာငါးချဉ်ထုတ်လုပ်ပုံကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီအချိန်ဟာ ဧရာဝတီမြစ်အတွင်းက ဖမ်းမိတဲ့ ငါးမျိုးစုံကို လှေပေါ်တင်ပြီး တံငါသည်တွေ ကသာဆိပ်ကမ်းကို နေ့စဉ်လာရောက်ချိန်ပါ။ ဓာတ်ပုံ- ငွေအိုး(ကသာ)
ငါးလူး၊ ငါးဗျက်၊ ငါးခုံးမ၊ ငါးဖယ်အောင်း စတဲ့ ငါးမျိုးစုံ လှေဝမ်းနဲ့အပြည့်။ ဓာတ်ပုံ- ငွေအိုး(ကသာ)
လှေပေါ်က ငါးတွေကို ဧရာဝတီမြစ်ရေနဲ့ဆေးကြောပြီး ငါးပွဲရုံကို အထမ်းသမားတွေက သယ်ဆောင်သွားကြပါတယ်။ ဓာတ်ပုံ- ငွေအိုး(ကသာ)
မြစ်ရေကျချိန် မြစ်ငါး၊ အင်းငါး ပေါင်းစုံထဲကနေ ငါးကြီး၊ ငါးသေးကို ငါးပွဲရုံလုပ်သားတွေက ခွဲခြား ဖယ်ထုတ်ရပါတယ်။ ဓာတ်ပုံ- ငွေအိုး(ကသာ)
ငါးလေးချဉ်လုပ်ဖို့ ထမင်းနဲ့ရောနယ် ထုထောင်းနေတာပါ။ ဓာတ်ပုံ- ငွေအိုး(ကသာ)
ကသာငါးချဉ်မှာတော့ ငါးကြီးချဉ်နဲ့ ငါးလေးချဉ် (ငါးသေးချဉ်)ဆိုပြီး ရှိပါတယ်။ ဓာတ်ပုံ- ငွေအိုး(ကသာ)
အထက်ဆို ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတို့ဟာ ကသာငါးချဉ်ရဲ့ ပို့မလောက် ဈေးကွက်ကြီးရယ်ပါ။ ဓာတ်ပုံ- ငွေအိုး(ကသာ)