ကသာတွင် ဆိုင်ထိုင်စားခွင့် ပိတ်

0
116

အိဖြိုး
မုံရွာ၊ စက်တင်ဘာ- ၁၅

ကသာမြို့နယ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် လူစုလူဝေးမဖြစ်စေရန် ဆိုင်ထိုင်စားခွင့် ယနေ့ စတင်ပိတ်လိုက်သည်။

ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်အုပ်ချုပ်ရေးမှုးက စာထုတ်ခဲ့သည်။

“ကျွန်တော်တို့ မြို့နယ်အနီးအနားမှာ ပိုးတွေ့လူနာတွေ ရှိနေတယ်။ ကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်တာပါ။လူစုလူဝေးဖြစ်မယ့်ဟာတွေကို လျှော့ချတာပါ”ဟု ကသာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ပြောသည်။

လိုက်နာခြင်းမရှိပါက ပထမအကြိမ် သတိပေးခြင်း၊ဒုတိယအကြိမ် ဒဏ်ကြေးတပ်ရိုက်ခြင်း၊ တတိယအကြိမ် ဆိုင်ပိတ်သိမ်းစေခြင်းထိ အရေးယူမှု ပြုလုပ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကသာမြို့နယ်အနီး အင်တော်မြို့နယ်နှင့် ကောလင်းမြို့နယ်တို့တွင် COVID-19 အတည်ပြုလူနာများ တွေ့ကြောင်း ယခုလ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။