ကသာတွင် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသခြင်း သင်တန်းဖွင့်

0
98

ကသာမြို့တွင် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို (ယနေ့) မှစ၍ ဖွင့်လှစ်လိုက်သည်။

၎င်းသင်တန်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်ခြင်းဖြစ်သည်။

“မူးယစ်ဆေးဝါး စွဲလမ်းနေခြင်းကြောင့် ပြုမူဆောင်ရွက်ချက်များကို မိသားစုဝင်တွေက သည်းခံခွင့်လွှတ် နားလည်မှုပေးပြီး ဖေးမလက်တွဲကူညီပေးရန် လိုအပ်ပါတယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။ မူးယစ်ကြီးကြပ်ရေးမှူး ၃၈ ဦးမှ သင်တန်းသား ၄၈ ဦးအား ရက် ၄၀ ကြာအထိ ကသာမြို့ ဧရာရွှေလီအား ကစားခန်းမတွင် သင်တန်းပို့ချမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here