ကသာမြို့၏ နာမည်ကျော် ငါးချဉ်၊ ငါးခြောက် ပို့ကုန်ရာသီစတင်

0
536

ကသာမြို့၏ နာမည်ကျော် ထွက်ကုန်များဖြစ်သော ငါးချဉ်၊ ငါးခြောက်၊ ငါးဆားနယ်များ တင်ပို့မှု ယခုလကုန်တွင် စတင်ပြီဖြစ်သည်။

ဒေသတွင်းအင်းများများမှ ထွက်သော ငါးများကို ကသာမြို့ ငါးပွဲရုံများထံ လာရောက်ရောင်းချကြပြီဖြစ်သည်။

“ ငါးအကြီးတွေတော့မလာသေးဘူး ငါးအသေး၊ အလက်တွေသာလာသေးတယ်၊ ရှေ့လလောက်မှငါးကပိုပေါမယ် “ဟု ကသာမြို့ ငါးပွဲရုံ လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သန်းဦး ကပြောသည်။

ကသာမြို့နယ်၌ ငါးအင်းပေါင်း(၇၄)အင်းရှိပြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးထွက်နှုန်းဖွံ့ဖြိုးစေရန် ငါးမဖမ်းရကာလသတ်မှတ်ခြင်း၊ ငါးမျိုးစိတ်များစိုက်ထည့်ခြင်း၊ တရားမဝင်ငါးဖမ်းခြင်းများကိုအရေးယူခြင်း၊ အသိပညာပေး လုပ်ဆောင်လျက်ရှိသည်။

“ ခါတိုင်းနှစ်တွေဆိုရင်တော့ ဒီအချိန်ဆိုငါးလှန်းပြီးခြောက်နေပြီပေါ့၊ ဒီနှစ်အနေနဲ့တော့ ငါးခြောက်လှန်းတာနောက်ကျတယ်လို့ဆိုရမယ် “ဟု ကသာမြို့ဒေသခံ ငါးသန့်စင်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဝါဝါကပြောသည်။

ငါးများကိုပွဲရုံများမှ ငါးလူး၊ ငါးဖယ်အောင်းဆားနယ်ခြင်း၊ ငါးနုသန်း၊ ငါးမြွေထိုး၊ တီလားဗီးယား၊ ငါးရံ့၊ ငါးဇကာများကိုအခြောက်လှန်ခြင်းနှင့် ငါးဖယ်ချဉ်၊ ငါးကြီးချဉ်၊ ငါးလေးချဉ်များကိုလည်းပြုလုပ်၍ မြန်မာပြည်အထက်ပိုင်းဒေသများသို့ ပို့ဆောင်သည်။

Image may contain: one or more people, plant, outdoor and nature

LEAVE A REPLY

Please enter your comment!
Please enter your name here