ကိုဗစ်ကာကွယ်တားဆီးရေးအတွက် ညမထွက်ရအမိန့် (ပုဒ်မ-၁၄၄)ထုတ်ပြန်ထားပြီး မြို့ဝင်/ထွက်ဂိတ်များလည်း ပိတ်ထားရဆဲ ဖြစ်သည်။ မုံရွာကန်သာယာ ယာယီဈေးသို့ နေ့စဉ်လာရောက်ကြသော မုံရွာမြို့ပြင်ပမှ ဈေးရောင်းဈေးဝယ်များသည် မိမိတို့ ရပ်ရွာဘက်တွင် အချိန်မီ ပြန်လည်ရောင်းချနိုင်ရန် ညဦးပိုင်းကတည်းက မုံရွာသို့ လာရောက်ကြရသည်။





