ကိုဗစ်နှင့် ကြိုတင်မဲ

0
78

ကိုဗစ်ကပ်ရောဂါကြောင့် ရွေးကောက်ပွဲနေ့မတိုင်မီ ၁၀ ရက်အလိုကစပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်ရုံးများတွင် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးခြင်း ပြုလုပ်ခဲ့သည်။ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်ထိ ကော်မရှင်ရုံများတွင် ကြိုတင်မဲပေးကြသည်။ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တွင် နေအိမ်ဆန္ဒမပေးခြင်းကို ဆောင်ရွက်ကြသည်။

ကြိုတင်ဆန္ဒမဲပေးသည့် အစောပိုင်းနေ့များတွင်သာ မဲဆန္ဒရှင်အများအပြားတွေ့ရသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
မဲဆန္ဒရှင်သက်သေခံလက်မှတ်ဖြင့်သာ မဲလက်မှတ်ထုတ်ယူနိုင်မည် ဖြစ်သည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ကြိုတင်ဆန္ဒမဲပေးခြင်းကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ပြုလုပ်သည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
မဲရုံအတွင်းနှင့် အပြင်ကို ကျန်းမာရေးညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ပေးရသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ကြိုတင်ဆန္ဒမဲစာရင်းတွင်ပါရှိပြီး ကြိုတင်မဲမပေးလိုပါက နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ နေ့တွင် မဲပေးနိုင်သည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
အကြောင်းအမျိုးမျိုးကြောင့် ကြိုတင်ဆန္ဒမဲ လာရောက်မပေးနိုင်သူများကို နေအိမ်အရောက် ဆန္ဒမဲကောက်ခံပေးသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ကြိုတင်မဲကောက်ခံမှုများတွင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများ၊ အထူးရဲနှင့် ပါတီကိုယ်စားလှယ်လောင်းများ ပါဝင်သည်။ ဓာတ်ပုံ – အောင်ဇော်ဇော်