ကိုဗစ်ရိုက်ချက်

0
88

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ကျန်းမာရေးသာမက လူမှုစီးပွားကဏ္ဍများကိုပါ အထိနာခဲ့ကြရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သည့် မုံရွာသည်လည်း ကပ်ရောဂါကပေးသည့် ဒဏ်ချက်တွေကို အများနည်းတူခံစားနေရသည်။

COVID-19 ကြောင့် မုံရွာမြို့ဘုရားများတွင် ဧပြီ ၁ ရက်မှစကာ ဖူးမြော်ခွင့်ပိတ်ခဲ့သည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ဧပြီ ၁၆ ရက်တွင် အဓိကဈေးကြီးသုံးခုကိုလည်း ယာယီပိတ်ထားရန် စာထုတ်ခဲ့သည်။ သို့သော် စားသောက်ကုန်ဆိုင်များကို ဖွင့်ခွင့်ပြုထားသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ခရီးသည်ယာဉ်လိုင်များကိုလည်း ဧပြီလ ၅ ရက်မှစတင်ကာ ပြေးဆွဲခြင်းကိုရပ်ဆိုင်းလိုက်ပြီး ယခု ၅ ရက်တွင် ပြန်လည် ခွင့်ပြုထားသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ကျန်းမာရေးအရ ကန့်သတ်တားမြစ်ချက်များ များစွာရှိနေသော်လည်း မဖြစ်မနေအလုပ်လုပ်ကိုင်နေရသူများလည်း များစွာရှိနေသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ဧပြီ ၂၄ ရက်မှစတင်ကာ ညမထွက်ရ အမိန့်ချမှတ်လိုက်သော်လည်း အသွားအလာများသည့် ကျောက္ကာလမ်းမသည် နေ့ခင်းဘက်တွင် ပုံမှန်အတိုင်းသက်ဝင် လှုပ်ရှားနေသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်

LEAVE A REPLY

Please enter your comment!
Please enter your name here