ကောလင်းမှ ကိုဗစ်လူနာနှင့်ဆက်စပ်သူများ ပိုးမတွေ့

0
48

မောင်စိန်ချို
ပင်လည်ဘူး၊ စက်တင်ဘာ- ၁၅

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် COVID-19 အတည်ပြုလူနာနှင့်ဆက်စပ်သူများ ပိုးမတွေ့ အဖြေရကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

ကောင်လင်းမြို့သို့ပြန်လာသူ ရန်ကုန်ပြန်ပိုးတွေ့လူနာနှင့် ထိတွေခဲ့သော မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်း ၃ဦး၊ ကားအတူစီးခဲ့သူ ကောလင်းမြို့နယ်နေ ၂ဦးနှင့် စက်တင်ဘာ ၁၂ရက်နေ့ ဆည်တိုကျေးရွာအနီး လဲကျနေသော ရွှေပြည်သာမြို့နေ ၁ ဦးတို့ဖြစ်သည်။

၄င်း ၆ ဦးတို့အား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် ယူပြီး စက်တင်ဘာလ ၁၂ရက်က မန္တလေးကျန်းမာရေးဓာတ်ခွဲဌာသို့ ပို့ဆောင်ခဲ့ရာ ၆ ဦးလုံး ပိုးမတွေ့ကြောင်း ယနေ့နေ့လယ် ၁၂ နာရီတွင် အဖြေထုတ်ပြန်သည်။

“ပိုးတွေလူနာနဲ့ ထိတွေ့ခဲ့တဲ့လူတွေ ပိုးမတွေ့ဘူးဆိုတော့ စိတ်အေးရပါပြီ။ ဒါပေမယ့် ပေါ့လို့မရသေးဘူး။ ကျန်းမာရေးဌာနညွှန်ကြားချက်တွေကို လိုက်နာကြဖို့လိုသေးတယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက ပြောသည်။

၄င်းတို့ ၆ ဦးအား ပိုးမတွေ့ဟု ဓာတ်ခွဲအဖြေသိရသော်လည်း အသွားအလာကန့်သတ်အဖြစ် ဆက်လက်ထားရှိသည်။