ကျပ် ၂ သိန်းဝန်းကျင်ခန့်ရှိတဲ့ Tablet တစ်ခု ထပ်ထုတ်လိုက်တဲ့ Lenovo

0
339

Lenovo ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံမှာ သူ့ရဲ့ မိုဘိုင်းဖုန်းတွေကို တင်ပို့ ရောင်းချခြင်းမရှိပေမယ့် အသစ်ထုတ်လုပ်လိုက်တဲ့ Tablet တွေကိုတော့ အိန္ဒိယမှာ စတင်ရောင်းချတော့မှာဖြစ် ပါတယ်။ M10 FHD REL လို့ အမည်ပေးထားတဲ့ Android တက်ဘလကတ်အမျိုးအစားတစ်ခုကို သိပ်မကြာခင်အချိန် အတွင်းမှာ အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချတော့မှာပါ။

M10 FHD REL မှာ မျက်နှာပြင် အကျယ် ၁၀.၁ လက်မရှိပါတယ်။ ဆယ်လက်မလောက် အကျယ်ရှိတဲ့ တက်ဘလတ်တစ်ခုတော့ မျက်နှာပြင် ကျယ်ကျယ်မှ အားရတယ်ဆိုတဲ့သူတွေ အတွက်ကတော့ အဆင်ပြေပါတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း ဆယ်ဖီ ကင်မရာအတွက် 5MP ကင်မရာကို အသုံးပြုထားတာ တွေ့ရပါတယ်။ နောက်ကင်မရာကတော့ 8MP ပဲ ရှိတဲ့ ကင်မရာကိုပဲ တပ်ဆင်ထားတာပါ။ ကင်မရာပိုင်းဆိုင်ရာမှာတော့ တခြားတက်ဘလတ်တွေနဲ့ နှိုင်းယှဉ်ရင်တော့ နည်းနည်းလေးတော့ နောက်ကျနေတဲ့ အခြေအနေလို့ ဆိုရဦးမှာပါ။

Chipset ပိုင်းမှာဆိုရင်တော့ Snapdragon 450 ကို အသုံးပြုထားပါ တယ်။ RAM အနေနဲ့ကလည်း 3GB RAM ကို အသုံးပြုထားပါတယ်။ Storage အပိုင်းမှာတော့ 32GB ပဲရှိပြီး Micro SD slot ပါဝင်တဲ့အတွက် memory card ထပ်စိုက်ပြီး အသုံးပြုလို့ရတဲ့ အနေအထားပါ။

ဘတ္ထရီပိုင်းမှာတော့ တော်တော် အားရလောက်တဲ့ 7,000 mAh ကို အသုံးပြုထားပြီး သူ့ရဲ့အားနည်းချက် တစ်ခုကတော့ အားသွင်းပေါက်ဟာ MicroUSB ဖြစ်နေတာပါပဲ။ တခြား အချက်အလက်တွေကတော့ တခြား တက်ဘလတ်တွေနဲ့ ထူးမခြားနားပါပဲ။ dual-band Wi-Fi ပါတယ်။ 3.5mm audio jack ပါတယ်။ FM Radio tuner ပါဝင်ပါတယ်။

M10 FHD REL ကို အိန္ဒိယနိုင်ငံ မှာပဲ စတင်ရောင်းချသွားမှာဖြစ်ပြီး တခြား နိုင်ငံတွေမှာတော့ ရောင်းချခြင်းမရှိသေးပါဘူး။ ဈေးနှုန်းကတော့ မြန်မာကျပ်ငွေ ၂ သိန်းလောက် ပေါက်ဈေးရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here