ကြေးမုံရွာ ရိုးရာကြေးပန်းတဉ်းလုပ်ငန်း ပျောက်ကွက်လု ဖြစ်နေ

0
316

မုံရွာမြို့နယ် ကြေးမုံကျေးရွာတွင်ရှေးနှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်လာသော ကြေးပန်းတဉ်းလုပ်ငန်းမှာ စိတ်ဝင်စားသူနည်းပြီး ပျောက်ကွက်လုအခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း ကြေးပန်းတဉ်း ပညာရှင်ဦးအောင်ကို ကပြောသည်။


ယခင်က ကြေးပန်းတဉ်းကို လုပ်ငန်းရှင် ၂၀ ဦးခန့်လုပ်ကိုင်ခြဲ့ပီး ယခုအခါ ၂ ဦးသာကျန်တော့သည် ဟုဆိုသည်။


“အလားအလာကတော့ ကျွန်တော်တို့ မရှိရင်တော့ ပျောက်ကွယ်သွားတော့မှာပါ။ သားကိုတော့အမွေအဖြစ် သင်ထားပေးထားတယ်။အခြေအနေက ပေးဦးမှလေ။ စိတ်ပါဝင်စားတဲ့သူကမရှိအောင် ကိုနည်းလွန်းတယ်” ဟုဦးအောင်ကို ကပြောသည်။


ယခင်က ကြေးမီးပူအိုး၊ ကြေးပန်းအိုး၊ ကြေးထုးံအိုး စသည်တို့ကို နေ့စဉ်လုပ်ကိုင်ခဲ့ရပြီး ယခုအခါ ဌာပနာကြေးဆင်းတုတော်များသာ လုပ်ဆောင်ပေးရပြီး မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးရှိ ကြေးအရောင်းဆိုင်များသို့
ပို့ဆောင်ရကြောင်း သိရသည်။


ကြေးမုံရွာ ကြေးပန်းတဉ်းလုပ်ငန်းတွင် ပုံစံကြမ်း မိုကို ရှေးယခင်ကနည်းအတိုင်းလက်ဖြင့် မိုဖမ်း၍လုပ်ကိုင်ကြသည်။ ဘုရားဌာပနာတစ်တိုက်စာ ဆင်းတုတော်မျုးိစုံလျင် ၁၀ ရက်ခန့် အချိန်ယူလုပ်ဆောင်ရကြောင်းသိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here