ကွမ်းပျိုးချိန်

0
153

စစ်ကိုင်းတိုင်းတွင် ကွမ်းခြံလုပ်ငန်းများသည်လည်း ကျေးလက်လူထုအတွင်း အဓိကစီးပွားရေးအဖြစ် ရှိနေသည်။ ယခုမိုးရာသီသည် ကွမ်းစိုက်ချိန်ဖြစ်သည့်အလျောက် မုံရွာမြို့နယ်အတွင်း ကွမ်းခြံတစ်ခုမှ ကွမ်းပျိုးပင်ထုတ်လုပ်နေမှုကို ဓာတ်ပုံကဏ္ဍအဖြစ် တင်ဆက်ပေးလိုက်ပါသည်။

ကွမ်းညွန့်ဝေချိန် မိုးရာသီတွင်သာ ကွမ်းပျိုးပင် ထုတ်ယူနိုင်သည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ကွမ်းညွန့်ကို မြေသားမံပြီး စတင်ကာ ပျိုးပင်မွေးယူရသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ကွမ်းပျိုးပင်ဖြစ်သည်အထိ ၁ လကြာစောင့်ရပြီး လက်ရှိဈေးကွက်တွင် တစ်ပင် ကျပ် ၄၀ဝ ဝန်းကျင်ရှိသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
ယခင်က ကွမ်းကို အညွှန့်အတိုင်း တိုက်ရိုက်စိုက်ပျိုးကြပြီး ယခုနောက်ပိုင်းတွင် ပျိုးပင်ပျိုးကာ စိုက်ပျိုးမှု များလာသည်။
ဓာတ်ပုံ – အောင်ဇော်ဇော်
တစ်ဧကတွင် အပင် ၆ ထောင်ဝန်းကျင် ဝင်ဆံ့ပြီး ကွမ်းနုဝါနှင့် ကွမ်းစိမ်း နှစ်မျိုးစလုံး စိုက်ကြသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်
စစ်ကိုင်းတိုင်းအတွင်း လက်ရှိကွမ်းစိုက်ဧက ၇၀ဝ၀ ကျော်ရှိပြီး အဓိကဈေးကွက် ရန်ကုန်နှင့်မန္တလေးမှတဆင့် နိုင်ငံအနှံ့ တင်ပို့နေသည်။ ဓာတ်ပုံ – အောင်ဇော်ဇော်

LEAVE A REPLY

Please enter your comment!
Please enter your name here