ဂလိုဘယ် ၄.ဝ ခရူးရှက် နဲ့ ဘယ်ရင်ပင်လယ် ရေငုပ်သင်္ဘော

0
154

ခရူးရှက် က ပုပ်ရဟန်းကို Hard power ပဲ အရေးကြီးတယ် ဘာသာရေးယဉ်ကျေးမှုလွတ်လပ်ခွင့် အပါအဝင် soft power ဘာမှမဟုတ်လို့ ပြောခဲ့ဖူးတယ် ဆိုလိုရင်းကဘာသာရေး ဒီမိုကရေစီလွတ်လပ်ခွင့် အတွေးအမြင် အိုင်ဒီယိုလိုဂျီယဉ်ကျေးမှု စီးပွားရေးဆိုင်ရာ သက်မွေးဝမ်းကျောင်း အတတ်ပညာတွေ ပါဝင်တဲ့ soft powerထက် လက်နက်အင်အားသာလျှင် အဓိကလို့ဆိုလိုရင်းဖြစ်တယ်။ ပုပ်ရဲ့ကျောင်းတော်က ဘာမှမဟုတ်လို့ညွှန်းဆိုရင်း ဖြစ်တယ်။


Hard power မှာ စီးပွားရေးဆိုင်ရာအင်အားတောင့်တင်းမှုဆိုတာပါပေမယ့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေမှာ မကြာခဏဆိုသလို တပါးသူကို အတင်းအဓမ္မ သြဇာလွှမ်းမိုးသိမ်းသွင်းဖို့ Coercive နည်းလမ်းတွေနဲ့ ကြိုးပမ်းမှုမျိုးကို အခြေခံတာပါ။


အဲဒီခေတ်က စစ်အေးခေတ်လည်း ဖြစ်သလို ပုပ်ရဟန်းမင်း ဂျွန်ပေါလ်ရဲ့တိုင်းပြည် ပိုလန်ဟာလည်း ကွန်မြူနစ်အာဏာရှင်စနစ်အောက်မှာပြည်သူတွေ အလူးအလဲခံနေရချိန် ဖြစ်တယ်။ ကျောင်းတော်နဲ့ နိုင်ငံတော်ကို ခွဲထားပြီးဖြစ်တဲ့ ဗာတီကန်အနေနဲ့ အုပ်စိုးသူ မတရားတဲ့အခါ ပြည်သူဘက်ကနေ နိုင်ငံတော်ကို ဝင်စွက်ဖက်ခွင့်ဆိုတဲ့ တရားအခြေခံမူကို ချလိုက်တယ်။


ပထမဆုံးစလုပ်တာက ပြည်ပရောက် ပိုလန်သွေးစည်းညီညွတ်ရေး သမဂ္ဂအဖွဲ့ဝင်တွေကိုခေါ်တွေ့တယ်။ နောက်ပိုင်းမှာတော့ ပုပ်ကိုယ်တိုင်ဇာတိ ပိုလန်ကိုပြန်ကြွခဲ့ပြီး လူသိန်းချီတက်တဲ့တရားပွဲမှာ ဓမ္မနဲ့အဓမ္မအကြောင်း ခွဲခြားပြတဲ့ဟောပြောမှုလုပ်ခဲ့သလို မတရား အုပ်စိုးတဲ့ဝါဒဆန့်ကျင်မှုတရား ဟောခဲ့တယ်။


သူပြန်သွားပြီး သိပ်မကြာခင်ကာလအတွင်းမှာပဲ လူထုလှုပ်ရှားမှု အားကောင်းလာကာ Hard power အဓိက ကွန်မြူနစ်ပိုလန်အုပ်စိုးသူလည်း ဇီဝိန်ချုပ်ခဲ့တယ်။


ဆိုဗီယက် ကိုယ်တိုင်ကတော့ ၁၉၈၆ လောက်ကိုဘာချော့ဗ် လက်ထက်မှာ တိုင်းပြည်အနေနဲ့ အလွန်အမင်းကြပ်တည်းနေတာကြောင့် စတွိုငိနော့ဗ်ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့တယ်။


ဒါပေမယ့် ချိန်ခါသင့်မဟုတ်ပဲ အချိန်လွန်မှဆေးခန်းရောက်တဲ့ လူနာလို ဆေးမတိုးတော့ပဲမည်ကာမတ္တခေါ်ဆို တည်ထောင်ထားတဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ရတယ်။


ဒီမိုကရက် ရုရှားရဲ့ယဲလ်ဆင်လည်း မအောင်မြင်ခဲ့ပါ။
၂၀ဝ၀ ဝန်းကျင် ပေါ်ပြူလစ် ခေတ်သစ်စတာလင် ပူတင် ပြန်လာခဲ့တယ်။သူ့လက်ထက်အစောပိုင်း ဟုတ်မယောင်
ဖြစ်ပေမယ့် သူ့ရဲ့ရန်လိုတဲ့ အပြုအမူနဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပိတ်ဆို့အရေးယူခံခဲ့ရမှုတွေကတဆင့် တိုင်းပြည်စီးပွားရေးထိုးကျလာနေတယ်။ တဦးချင်းဝင်ငွေကျလာတယ်။ အာဏာရှင်ဆန်တဲ့ ပူတင်ခေတ် ရုရှားကလည်း
စစ်လက်နက်ပစ္စည်းကိစ္စ ရေနံသဘာဝဓါတ်ငွေ့နဲ့ သယံဇာတအရင်းအမြစ်အခြေပြု စီးပွားရေးပဲအားထားနေရတယ်။


ပြည်တွင်းမှာလည်း ပူတင် ဆန့်ကျင်ရေးအားကောင်းလာနေတယ်။ အလုပ်လက်မဲ့လည်းများလာနေတယ်။


ပူတင်ခေတ် ရေငုပ်သင်္ဘောနဲ့ ပတ်သက်လို့အမှတ်ရစရာ ကိစ္စကတော့ ဘယ်ရင်ပင်လယ်ကရုရှား ရေငုပ်သင်္ဘောနစ်မြှပ်မှုမှာ သင်္ဘောပေါ်ပါလာသူ အကုန်သေကုန်တာပါပဲ။


နည်းပညာ အဓိကဖြစ်လာတဲ့ ဂလိုဘယ် ၄.ဝခေတ်မှာ Soft power hard power နှစ်ခုစလုံးရှိတဲ့အမေရိကန် တရုတ်နဲ့အပြိုင် နောက်က ကပ်လိုက်သူအဖြစ် ထိုးထွက်လာတာအိန္ဒိယဖြစ်တယ်။


နည်းပညာရှိရင် ပညာတတ်ရင် ဈေးပေါပေါနဲ့ဒုံးပျံအာကာသထဲလွတ်လို့ရတယ်ဆိုတာ အိန္ဒိယကသက်သေပြခဲ့ပြီး ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေးလောက် ကုန်ကျစရိတ်မများ နေမာ၊ ကော်တင်ဟိုတို့လို ဘောလုံးသမားပြောင်းရွှေ့ကြေးလောက် မများတဲ့ ဒေါ်လာသန်း ၇၀ ကျော် ကုန်ကျစရိတ်နဲ့အာကာသထဲ ဒုံးပျံ လွတ်တင်ပြခဲ့တယ်။


လူဦးရေများလွန်းလို့ မညီမျှမှု တွေရှိဆဲဖြစ်ပေမယ့် သတင်းတပုဒ်မှာတော့။
Between 2018 and 2022, India is estimated to produce 70 new dollar millionaires every day, Oxfam said. တဲ့
စစ်ဖြစ်ဖူးတဲ့ ပါကစ္စတန်လည်း အိန္ဒိယနဲ့အပြိုင်စစ်လက်နက် တပ်ဆင်ပေမယ့် Soft Power အရာမှာ အိန္ဒိယကို မယှဉ်နိုင်တော့ အဲဗားယိုင်တိုင်တိုင် မနည်းထိန်းရတဲ့ အခြေအနေအောက်မှာသာ ရှိနေတာ သမိုင်းသင်ခန်းစာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here