ဂျွန်လော့ခ်နှင့် ထိုင်းနိုင်ငံ၏အနာဂတ်

0
172

အောင်သူငြိမ်း ရေးသည်။

ကျွန်တော်၏ဖခင် ကဲနက်ယန်းက ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ယူစဉ် ၁၉၆၁ ခုနှစ်မှစတင်၍ ထိုင်းနိုင်ငံအကြောင်းကို အနီးကပ်လေ့လာဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံ၏ ထုံးတမ်းစဉ်လာနှင့် အနောက်တိုင်းယဉ်ကျေးမှု ဖြစ်ထွန်းမှု (Westernisation) တို့အကြား ပွတ်တိုက်မှုများဖြစ်ခဲ့ပြီး နောက်ဆုံး ၁၉၃၂ ခုနှစ် တော်လှန်ရေးအဖြစ် ဖြစ်ပေါ်ခဲ့သည်။ ယင်းတင်းမာမှုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေများစွာ ဖြတ်သန်းပြီးသည့်တိုင်၊ ဆန္ဒပြပွဲများစွာ၊ အာဏာသိမ်းမှုများစွာ ဖြတ်သန်းပြီးသည့်တိုင် ဖြေရှင်းပြေလည်နိုင်ခြင်း မရှိသေးပါ။

ယင်းတင်းမာမှုတွင် ကျွန်တော်၏အမြင်အရ ဘုရင်စနစ်ကို မလိုလားအပ်ဘဲ လူထုအများကြိုက် ဒီမိုကရေစီစနစ်၏ အတိုက်အခံအဖြစ် ထားရှိနေသည်ဟု ထင်မြင်မိသည်။ ကျွန်တော်၏ နိဂုံးချုပ်သုံးသပ်မှုမှာ လူထုအများကြိုက် ဒီမိုကရေစီစနစ်ကို ရွေးချယ်ကြသူများက ထိုင်းနိုင်ငံကို အနောက်တိုင်းဆန်ဆန် ဖြစ်ထွန်းစေရေးအတွက် တစ်ခုတည်းသောလမ်းအဖြစ် မြင်နေကြသည်မှာ ဂျက်ကိုဘင်၏ ပြင်သစ်တော်လှန်ရေး သြဇာလွှမ်းမိုးမှုများနေသလားဟု ထင်မြင်မိသည်။

သက်ဦးဆံပိုင်ဘုရင်စနစ်ကို ၁၉၃၂ ခုနှစ်တွင် အာဏာသိမ်းမှုကို စုစည်းစီစဉ်ခဲ့ကြရာ၌ ဂဏရတ်စ်ဒွန် (Khana Ratsadon) အဖွဲ့က ဦးဆောင်ခဲ့ပြီး ပရီဒီဖနုမ်ယုံ (Pridi Banomyong)၊ ပလက်ပီဘွန်ဆွန်ခလန် (Plaek Pibulsonggram) နှင့်နိ (ပ်) ဖဟိုယိုသင် (Naep Phahonyothin) တို့က ဦးဆောင်ခဲ့ကြသည်။ ယင်းအုပ်စုက ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီတွင် ပြင်သစ်နိုင်ငံ Rue du Sommerard တွင် စတင်စုစည်းမိကြသည်။

ယန်းဂျက်ရူးဆိုး (Jean-Jacques Rousseau)မှ စတင်ခဲ့သည့် ပြင်သစ်အိုင်ဒီယာများကို ယင်းအချိန်က ပြင်သစ်တွင် ပညာသင်ကြားနေသည့် အာရှကျောင်းသားများက လက်ခံစွဲယူခဲ့ကြသည်။ယင်းတို့တွင် ချူအင်လိုင်း၊ ဒိန်ရှောင်ပင်း၊ ဟိုချီမင်းနှင့် ခမာနီခေါင်းဆောင် ခီယူဆန်ဖန်တို့လည်းအပါအဝင်ဖြစ်သည်။

၁၉၇၆ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် ထာနင်ခရိုင်ဗီရှန် (Thanin Kraivixian) ဦးဆောင်သည့် အစိုးရ အုပ်ချုပ်လာသည့်အခါ ယင်းတင်းမာမှုကို အထူးသဖြင့် အလွန်အကျူး ပြင်းထန်စေမှုမျိုး ဖြစ်စေခဲ့သည်။

ထိုင်းနိုင်ငံအပေါ် စေတနာထားသော မိတ်ဆွေအချို့နှင့်အတူ စာတမ်းငယ်တစ်ခု ရေးသားဖော်ပြခဲ့ရာတွင် ထိုင်းနိုင်ငံက ဖွဲ့စည်းထားပုံအရဒိုမီနို(Domino by Default) သဘော ဖြစ်နေသည်ဟု ဖော်ပြခဲ့သည်။

မိမိတို့ အခြေခံသုံးသပ်မှုတစ်ခုမှာ ကွန်မြူနစ်သူပုန်ထမှုကြောင့် ထိုင်းနိုင်ငံ ဒိုမီနိုပြိုလဲရခြင်းမဟုတ်၊ အစွန်းနှစ်ဖက်၏ မကြေလည်မှု၊ သဘောထားကွဲမှုကြောင့်၊ သူတို့ကိုယ်ပိုင် ပြဿနာတစ်ခုအပေါ် တစ်ခုထပ်မိမှုကြောင့် ထိုင်းဒိုမီနို ဟန်ချက်ပျက်ယွင်းရခြင်း ဖြစ်သည်။

မိမိတို့၏စာတမ်းကို ထိုင်းဘာသာသို့ ပြန်ဆိုပြီး ထိုင်းစစ်တပ်ကိုယ်တိုင်က ဖတ်ရှုခဲ့သည်။ ၁၉၇၇ ခုနှစ် အောက်တိုဘာလ ၂၀ ရက်တွင် ထာနင်ဦးဆောင်သည့် အစိုးရကို ဗိုလ်ချုပ်ကြီးခရိုင်ဆတ်နှင့် ရေတပ်ဗိုလ်ချုပ်ကြီး ဆန်ဂက်ချာလိုယု (Sangad Chaloryu) ဦးဆောင်သည့် အာဏာသိမ်းမှုက ဖယ်ရှားဖြုတ်ချခဲ့သည်။

ယင်းအာဏာသိမ်းမှုအတွက် ဆင်ခြေပေးရာ၌ ရေတပ်ဗိုလ်ချုပ်ကြီး ဆန်ဂက်က သတင်းစာများကိုပြောရာတွင် လူအချို့က ထိုင်းနိုင်ငံကို နောက်ထပ်လဲကျမည့် ဒိုမီနိုအဖြစ် ပြောဆိုနေကြသော်လည်း ဤသို့ ဖြစ်မည်မဟုတ်ဟု ဆိုခဲ့သည်။ ထိုင်းနိုင်ငံက နိုင်ငံရေး တဖြည်းဖြည်း ပြောင်းလဲဖြစ်ပေါ်တိုးတက်မှုအတွက် ပွင့်လင်းပြီး၊ “တစ်ဝက်တစ်ပျက်ဒီမိုကရေစီ”ဟု ခေါ်သည့် လုပ်ငန်းစဉ်အောက်တွင် ဤသို့ဖြစ်နိုင်သည်ဟု ဆိုခဲ့သည်။

ကျနော်ခံစားရသည်မှာ မိမိတို့၏ သုံးသပ်ချက်စာတမ်းတွင် ကျိုးကြောင်းမှန် ဖော်ပြထားသည့်အတိုင်း၊ ထိုင်းနိုင်ငံက အကျပ်အတည်းအတွင်းမှနေ၍ နိုးထကာ အသစ်သော နိုင်ငံရေးကွင်းပြင်တစ်ခုသို့ ဖွံ့ဖြိုးတိုးတက်နိုင်သောကြောင့် စိတ်သက်သာရပါသည်။

၁၉၃၂ ခုနှစ်တွင် ထိုင်းနိုင်ငံအဖို့ ပို၍ဆောင်ရွက်သင့်ခဲ့သော လမ်းကြောင်းမှာ သဘောတရားပညာရှင် ဂျွန်လော့ခ်ရေးသားခဲ့သည့် စည်းမျဉ်းခံဘုရင်စနစ် လမ်းကြောင်းသာ ဖြစ်ပါသည်။ဂျွန်လော့ခ်က နားလည်သဘောပေါက်ခဲ့သည်မှာ မည်သို့သော နိုင်ငံတစ်ခုမဆို အသစ်သော အာဏာချိန်ခွင်လျှာ မျှခြင်းသည်သာ အကောင်းဆုံးရွေးလမ်းဖြစ်သည်။

အဖွဲ့အစည်းစနစ် (အင်စတိကျုရှင်း) တစ်ခုတွင် ဥပဒေလိုအပ်ပြီး သို့မှသာ လူမှုအသိုက်အဝန်းတစ်ခုက ဖွံ့ဖြိုးမည်ဖြစ်သည်။

ပြည်သူများအပေါ် အာဏာရှိသူများက အာဏာအလွဲသုံးစားပြုမည့်အရေး ကာကွယ်ပေးမည့် ဥပဒေများ၊ အင်စတိကျုရှင်းများ အကန့်အသတ်များ ထားရှိရန် လိုအပ်သည်ဟု မြင်သည်။

ဂျွန်လော့ခ်၏ တွေးခေါ်မြော်မြင်မှု၊ အကြံပြုချက်များကို ဗုဒ္ဓ၏သင်ကြားမှုများဖြင့်လည်း အလွယ်ချိန်ထိုး၍ လက်ခံနိုင်ပါသည်။ သူကလူထုအာဏာနှင့် အစိုးရ၏ အာဏာစက်တို့အကြား ချိန်ခွင်လျှာမျှစေရန် အဆိုပြုပါသည်။ ဂျွန်လော့ခ်က တစ်ဖက်တွင် ပျက်စီးမှုများ ဖြစ်စေသော ဖရိုဖရဲဖြစ်မှုနှင့် အခြားတစ်ဖက်တွင် မိမိအကျိုးအတွက်သာကြည့်သော အာဏာရှင်စနစ် အစွန်းနှစ်ဖက်တို့အကြား မဇ္ဈိမပဋိပဒါအလယ်အလတ်လမ်းကို မြင်ပါသည်။ အလားတူပင်၊ မြတ်ဗုဒ္ဓကလည်း အစွန်းနှစ်ဖက်ကို ရှောင်ရှားပြီး ဘဝနေနည်းကို သင်ကြားပါသည်။

ဂျွန်လော့ခ်က အဆိုပြုထားသည်မှာ ဥပဒေနှင့် လွတ်လပ်ခွင့် (Freedom) တို့အကြား ချိန်ခွင်လျှာမျှစေသည့် အလွယ်ကူဆုံးနည်းလမ်းဖြစ်သည်။ သူက အစိုးရရုံးကို ယုံမှတ်အပ်နှံခြင်းခံရသူထရပ်စ် (Trust) တစ်ခုသဖွယ် စဉ်းစားပြီး၊ အာဏာရှိသူများကို ပြည်သူများ၏ အကျိုးကိုဆောင်မည့် ယုံမှတ်အပ်နှံခြင်း ခံရသူများ၊ (Trustees) များအဖြစ် သူက စဉ်းစားသည်။

ထိုင်းယဉ်ကျေးမှုတွင် သောစပစ်ရာဇဓမ္မ (Thosapit Rachathamma) တွင် ပါဝင်သည့်တာဝန်ဟူသည့် သဘောမှာ ကျွန်တော်၏အမြင်တွင် ဂျွန်လော့ခ်၏ အိုင်ဒီယာတစ်ခုဖြစ်သည့်အစိုးရရုံးတာဝန်နှင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုတို့နှင့် အတော်နီးစပ်ပါသည်။

အစိုးရ ရုံးကနားကို ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ် ပိုင်ဆိုင်၍ မဖြစ်နိုင်ပါ။ အသုံးပြု၍ မဖြစ်နိုင်ပါ

အစိုးရအရာရှိများက အာဏာကို ပြည်သူ၏ယုံကြည်ကိုးစားမှုအဖြစ်သာ ကိုင်စွဲသင့်ပါသည်။သိုးကျောင်းရသူအဖြစ် သို့မဟုတ် ယုံမှတ်အပ်နှံခြငး် ခံရသူများအဖြစ် သူ၊ သူမက အာဏာကြောင် ့အကျိုးခံစားခွင့် ဖြစ်ပေါ်ရမည့်သူများအပေါ် သစ္စာရှိရန် လိုအပ်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မျှတစွာ သတိထားကျင့်သုံးရန် လိုအပ်သည်။

ယုံကြည်မှုထားသည့်အတိုင်း အာဏာကိုကျင့်သုံးရန် လိုအပ်ပါသည်။ ယုံမှတ်အပ်နှံထားခြင်းခံရသူအားလုံးက ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သေချာစဉ်းစားအလေးထားဖို့ လိုအပ်ပါသည်။ ထိုင်းနိုင်ငံက ကျင့်သုံးနေသည့် မိမိဘာသာဖူလုံရေး စီးပွားရေးစနစ် (Sufficiency Economy) ၏အခြေခံမူများနှင့် လျော်ညီစေသင့်ပါသည်။ ဆုံးဖြတ်ချက် ချမှတ်သူများကို ကောင်းမွန်သည့်အကြောင်းအချက်ဖြင့်သာ ဆောင်ရွက်သင့်ပါသည်။ သင့်တင့်မျှတစေရပြီး အစဉ်သဖြင့်အန္တရာယ်နှင့် အရေးပေါ်အခြေအနေများကိုရင်ဆိုင်နိုင်သည့် ကြံ့ကြံ့ခံနိုင်သည့် စွမ်းရည်လည်းရှိထားသင့်ပါသည်။

ထို့အပြင် ယုံမှတ်အပ်နှံခြင်းခံရသူတစ်ဦးသည် ဗဟုသုတနှင့် တည်ကြည်မှုရှိရန်လည်း လိုအပ်သည်။ ဂျွန်လော့ခ်က အဆိုပြုထားချက်တွင် အစိုးရရုံးတစ်ခုသည် ယုံကြည်အပ်နှံခြင်းခံရသည့် ထရပ်စ် (Trust) တစ်ခုသဖွယ် ဖြစ်သင့်ပြီး ထိုင်းပြည်သူများက သက်တောင့်သက်သာဖြင့်လက်ခံနိုင်ကြရပါမည်။

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည့်အတိုင်း၊ ဂျွန်လော့ခ်၏ အကြံပြုချက်များကို ထည့်သွင်းစဉ်းစား ရေးဆွဲထားသည်ဖြစ်ရာ အစိုးရရုံးဌာနအတွက် လိုအပ်ချက်များကို ပြည်သူများက ယုံမှတ်ကိုးစားသည့် အဖွဲ့အစည်းတစ်ခုက ဆောင်ရွက်သင့်ပြီးယင်းက ထိုင်းနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သင့်ပါသည်။

အင်္ဂလိပ်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ရှေ့ကဖြစ်ရပ်များက ထိုင်းပြည်သူများ ယနေ့ကာလအတွက် များစွာသင်ခန်းစာယူဖွယ်ပင် ဖြစ်သည်။ ပြင်သစ်တော်လှန်ရေး၏ သွေးကွဲစေပြီး၊ ကျရှုံးခဲ့ရသည့် တော်လှန်ရေးထက်စာလျှင် များစွာကောင်းပေလိမ့်မည်။

“ဆောင်းပါးရေးသူက တစ်ချိန်က ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးရဲ့သား၊ ကျွန်တော်သဘောတူ၊ မတူထက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။”