ငရုတ်ပွခြင်းထဲ ဝှက်သယ်လာသော ဘိန်းမဲထုပ်များ ဖမ်းမိ

0
1731

မောင်စိန်ချို
ပင်လည်ဘူး၊ ဇွန်- ၁၂

ကသာခရိုင် ပင်လည်ဘူးမြို့နယ်တွင် သုံးဘီးဆိုင်ကယ်ဖြင့် သယ်လာသော ငရုတ်ပွခြင်းထဲမှ ဘိန်းမဲထုပ်များ ဖမ်းမိသည်။

ပင်လည်ဘူးမြို့နယ် ရဲတပ်ဖွဲ့သည် ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက သတင်းအရ ပင်လည်ဘူး-ဖောင်းပြင်သွားလမ်း မြို့မရပ်ကွက်တွင် စောင့်ဆိုင်းနေစဉ် ပင်လည်ဘူးမြို့ မိုးကောင်းရပ်ကွက်နေသူ မောင်းလာသော သုံးဘီးဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့သည်။

သုံးဘီးဆိုင်ကယ်ပေါ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့နေ အမျိုးသားနှစ်ဦး လိုက်ပါလာပြီး ၎င်းတို့ထံမှ ဘိန်းမဲ ၂၇ ထုပ် ၃၅ ဂရမ်ကျော် တန်ဖိုးသိန်းတစ်ထောင်ကျော်ဖိုး သိမ်းဆည်းရမိသည်။

“အနောက်ဖက် နယ်ဘက်တွေထိ သွားမယ်လို့ထင်တယ်။ သတင်းအရ ဖမ်းဆီးမိလိုက်လို့တာ “ဟု ပင်လည်ဘူး မြို့မရဲစခန်း ဒုရဲမှူးမျိုးတင့်က ပြောသည်။

ဘိန်းမဲများနှင့်အတူ ဖမ်းမိသော သုံးဦးအား ပင်လည်ဘူးမြို့မရဲစခန်းမှ မယ(ပ) ၈၃/၂၀ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here