ငါးသယံဇာတ ထိန်းသိမ်းရေး ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ ပြုလုပ်

0
234

ငါးသယံဇာတ ထိန်းသိမ်းရေးအတွက် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ကသာမြို့နယ် အင်းရွာ အထက်တန်းကျောင်းတွင်း သြဂုတ် ၃၁ ရက်နေ့ကပြုလုပ်ခဲ့သည်။

၎င်းပွဲကို ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနနှင့် WCS တို့မှ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။ ပဟေဠိပြိုင်ပွဲ ပြုလုပ်ရာ အင်းရွာသည် ဧရာဝတီမြစ်နှင့်ရွှေလီမြစ်တို့ ပေါင်းဆုံရာ နေရာတွင် တည်ရှိပြီး ကမ္ဘာ့ရှားပါး ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေ အတွင်းမှ ရွာတစ်ခုလည်း ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ငါးသယံဇာတထိန်းသိမ်းခြင်းလုပ်ငန်းကိုသာမန်ဆောင်ရွက်ခဲ့ခြင်မျိုးမဟုတ်ဘဲ အလုပ်ထဲမှာစေတနာနဲ့အားထည့်ပြီး အဘက်ဘက်ကနေတိုးတက်အောင်လုပ်နေပါတယ်” ဟု ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင့်လွင် ကပြောသည်။

ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို အပိုင်း(၂)ပိုင်းဖြင့်ကျင်းပခဲ့ပြီးကျောင်းသား/သူ (၁၅)ဦးမှ လိမ္မော်၊အဝါ၊အစိမ်း၊အနီ၊အပြာရောင်အသင်းများခွဲ၍ ငါးသံယံဇာတ ထိန်းသိမ်းရေး ဆိုင်ရာ မေးခွန်းပေါင်း(၉၂)ခုကိုမဲစနစ်ဖြင့်ဖြေဆိုရကာ|ပြင်ပဗဟုသုတရှောင်တခင်မေးခွန်းနှင့် ကံစမ်းမဲအစီအစဉ်များလည်းပါဝင်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here