ငွေဗိုက်အပလီကေးရှင်းမှ လျှောက်ထားသူ ခြောက်ထောင်ကျော်သာရှိ

0
1582

အိအိမွန်
မုံရွာ၊ သြဂုတ် – ၂၆

စစ်ကိုင်းတိုင်းတွင် ကိုယ်ဝန်ဆောင်ဦးရေ ရှစ်သောင်းနီးပါးရှိသော်လည်း ငွေဗိုက် (Ngwe Bike) အပလီကေးရှင်းမှတစ်ဆင့် ထောက်ပံ့ကြေးလျှောက်ထားသူ ခြောက်ထောင်ကျော်သာရှိ သေးကြောင်း တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ကိုဗစ်နိုင်တင်း ကပ်ရောဂါကာလအတွင်း လူမှုစီးပွားဘဝများ သက်ရောက်မှုလျော့ကျစေရန် ရည်ရွယ်၍ ကိုယ်ဝန်ဆောင်မိခင်များအား နိုင်ငံတော်မှ ထောက်ပံ့ကြေး ပေးဆောင်နိုင်ရန် စာရင်းကောက်ခံနေခြင်းဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင် ထောက်ပံ့ခြင်း ပုံမှန်ဆောင်ရွက်သည့် နာဂဒေသမှလွဲ၍ ကျန် ၃၄ မြို့မှ ကိုယ်ဝန်ဆောင်များအား ထောက်ပံ့ကြေးပေးမည်ဖြစ်သည်။

“အွန်လိုင်းနဲ့ လျှောက်လို့ရတယ်လို့ ပြောထားတာဖြစ်တဲ့အတွက် လျှောက်ထားတဲ့သူတွေကပဲ ထောက်ပံ့ကြေးရမှာဖြစ်ပါတယ်”ဟု တိုင်းလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ပြောသည်။

ထောက်ပံ့ကြေး သုံးသောင်းကျပ်အတွက် လျောက်ထားမှုကို အွန်လိုင်းစနစ် ငွေဗိုက်အပလီကေးရှင်းမှ တစ်ဆင့် စက်တင်ဘာ ၁၅ ရက်ထိ လျှောက်ထားနိုင်မည်ဖြစ်သည်။

“တောနယ်ဘက်တွေကျ ဖုန်းတာ သုံးတာ၊ အပလီကေးရှင်းကျ မသုံးတတ်ကြဘူး၊ သိတဲ့လူငယ်တွေကနေ ဖြည့်စွတ်ပြီး လျောက်ပေးနေတယ်”ဟု ဒီပဲယင်းမြို့နယ် အေးသာယာရွာမှ လူငယ်တစ်ဦးက ပြောသည်။

ဘဏ်အကောင့်၊ ဘဏ်ခွဲမှဖြစ်စေ၊ ဖုန်းနံပါတ်မှတစ်ဆင့် မိုဘိုင်းငွေလွှဲခြင်းမှ ဖြစ်စေ၊ ရပ်/ကျေးစုရပ်များတွင် ထုတ်ယူခြင်းဖြစ်စေ ထောက်ပံ့ကြေးပေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here