စစ်ကိုင်းတိုင်းအတွင်း ငလျင်နှင့် သဘာဝဘေး လေ့ကျင့်မှုများလုပ်နေ

0
94
စာသင်ကျောင်များတွင် ငလျင်ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်နေသည်။

မုံရွာ၊ နိုဝင်ဘာ-၂၀

စစ်ကိုင်းတိုင်းအတွင်းမြို့နယ်များတွင် ငလျင်ဘေးနှင့် သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက ကူညီကယ်ဆယ်ရေးများနှင့်ရှောင်ရှားမှုများ ပြုလုပ်နိုင်ရန် သင်တန်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများကို သုံးလ ကြာပြုလုပ်နေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ သတင်းရရှိသည်။

၎င်းလှုပ်ရှားမှုများကို ကြက်ခြေ နီအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး။ဌာနတို့နှင့် စုပေါင်း၍ အောက်တိုဘာလကတည်းက လုပ် ဆောင်နေပြီး ယခုနှစ်ကုန်ထိ လုပ် ဆောင်သွားမည်ဖြစ်သည်။ ‘စစ်ကိုင်းတိုင်းမှာ ဘေးအနရ္တာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးရုံး ၂၄ ရုံးရှိ တယ်၊ စာသင်ကျောင်းတွေမှာလည်း လေ့ကျင့်မှုတွေ လုပ်ပေးတယ်’ ဟု စစ်ကိုင်းတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် ကပြောသည်။

၂၀၁၈ ခုနှစ်အောက်တိုဘာမှ ၂၀၁၉ စက်တင်ဘာလအထိ မြန်မာနိုင်ငံ တွင် လှုပ်ခတ်ခဲ့သော ငလျင်များ၏ သုံးပုံနှစ်ပုံသည် စစ်ကိုင်းတိုင်းအတွင်း ဗဟိုပြုလှုပ်ခတ်မှုများဖြစ်ကြောင်း တိုင်း ဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဌာန အချက်အလက်များအရ သိရ သည်။

ပြည်တွင်း၌ ငလျင် ၁၆၂ ကြိမ် လှုပ်ခတ်ခဲ့ပြီး ၁၀၈ ကြိမ်မှာ စစ်ကိုင်း တိုင်းအတွင်း ဗဟိုပြုလှုပ်ခတ်ခဲ့မှုများ ဖြစ်ကြောင်း သိရသည်။

၎င်းငလျင်များတွင် သြဂုတ်လ အတွင်းခင်ဦးမြို့အနီး ဗဟိုပြု၍ လှုပ်ခဲ့သော အင်အား ၆ ဒသမ ဝ အဆင့် ရစ်ချက်စတာစကေးဖြင့် လှုပ်သော ငလျင်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့သည်။ ငလျင်လှုပ်မှုကြောင့် စစ်ကိုင်းတိုင်းတွင် ဘာသာရေးဆိုင်ရာ အဆောက်အဦး ၃၀ လူနေအိမ် ၃၅ လုံးပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here