စစ်ကိုင်းတိုင်းအတွင်း ဆင်စခန်း ၂ ခု ထပ်တိုးဖွင့်ရန် ပြင်ဆင်

0
260

စစ်ကိုင်းတိုင်းအတွင်း လူထုအပန်းဖြေ ဆင်စခန်း ၂ခု ထပ်တိုးဖွင့်ရန် ပြင်ဆင်လျက်ရှိကြောင်း တိုင်းသစ်ထုတ်လုပ်ရေး (မြန်မာ့သစ်လုပ်ငန်း)တိုင်းမန်နေဂျာ ဦးသန်းစိုးဦးက ပြောသည်။


မုံရွာမြို့နယ်ရှိ ခတ္တကန်တောင်ရွာဗောဓိတစ်ထောင်ဘုရားအနီးတွင်ဖွင့်မည့် ဆင်စခန်းနှင့် ဗန်းမောက်မြို့နယ် ဇလုံတောင်ဘုရားအနီးတွင်ဖွင့်မည့် ဆင်စခန်းတို့ ဖြစ်သည်။


ဗောဓိဆင်စခန်းက အားလုံးပြီးနေပြီ။ ပူသေးလို့ ဆင်မရွေ့သေးတာ။ဇလုံတောင်က အသေးစားတည်ဆောက်ရေး
နည်းနည်းလေး ကျန်နေသေးတယ်။ဗောဓိဖွင့်ပြီးမှ ဖွင့်နိုင်မယ် ဟု ဦးသန်းစိုးဦးက ပြောသည်။


ဗောဓိတထောင်ဆင်စခန်းမှာဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လဆန်းမှ ဆင်ထားရန် စီစဉ်ထားခြင်းဖြစ်သည်။ဗောဓိတစ်ထောင်ဆင်စခန်းကိုအောင်စင်္ကြစေတီတော်နှင့် ရေလှောင်တမံကြား ဗောဓိတစ်ထောင်သစ်တောကြိုးဝိုင်းအတွင်းရှိ သာ့သနာ့မြေကိုးဧကနီးပါးကို အသုံးပြုသွားမည်ဖြစ်သည်။


ဇလုံတောင်ဆင်စခန်းကိုမူ ကားကွင်းမှ ဘုရားအတက် ဘယ်ဘက်တွင်ဧက ၃၀ဝ နီးပါးအား အသုံးပြုပြီးဆင်စားကျက်များလည်း ထည့်သွင်းထားသည်ဟု သိရသည်။


ဗောဓိတစ်ထောင်ဆင်စခန်းတွင်ထားရန် တောင်တွင်းကြီးမြို့ သရက်သစ်ထုတ်လုပ်ငန်းမှ အနားပေးထားသည့် ဆင် ၇ကောင် ရွေးထားပြီးဖြစ်ပြီးဇလုံတောင် ဆင်စခန်းအတွက်မူကသာမြို့မှ ခေါ်ယူရွေးချယ်သွားမည်ဖြစ်သည်။ဆင်၏ သဘာဝ အသွားအလာ၊ နေထိုင်မှုများကို ကြည့်ရှုလေ့လာပြီးအပန်းဖြေနိုင်ရန်နှင့် ဆင်များကိုချစ်တက်လာစေရန် အဓိက ရည်ရွယ်ပြီးဖွင့်သည်ဟု သစ်ထုတ်လုပ်ရေးကဆိုသည်။


စစ်ကိုင်းတိုင်းတွင် ဖွင့်လှစ်ထားသော ဆင်စခန်းနှစ်ခုဖြစ်သည့် အင်းတော်မြို့နယ်ရှိ နတ်ပေါက်ဆင်စခန်းနှင့်မော်လိုက်မြို့ နယ်ရှိ ပျားစွဲဆင်စခန်းတွင် ခရီးသွားဝင်ရောက်မှု နည်းနေသေးကြောင်း နှင့်ခန့်မှန်းထားသလောက် အောင်မြင်မှု မရခဲ့ပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here