စစ်ကိုင်းတိုင်းအလံနှင့်လိုဂိုသစ် လွှတ်တော်မှ ဒုတိယအကြိမ်ပယ်ချ

0
126

စစ်ကိုင်းတိုင်းဒေသကြိး ကိုယ်စားပြုအလံနှင့် အစိုးရအဖွဲ့လိုဂို အသစ် ရေးဆွဲတင်သွင်းမှုကို ယနေ့ပြုလုပ်သော ၁၉ ကြိမ်မြောက် တိုင်းဒေသကြီးလွှတ်တော် မှ ကန့်ကွက်ပြီး ဒုတိယအကြိမ် ပယ်ချ ခဲ့သည်။

ပထမအကြိမ် တင်သွင်းစဉ်က လည်းအောက်ခံအနီရောင်နှင့်အဝါရောင်ပေါ်တွင် ရွှေအိုရောင်ခြင်္သေ့ ပုံ ပါ၍ လွှတ်တော်က ပယ်ချခဲ့ဖူးသည်။

ဒုတိယ အကြိမ်တင်သွင်းမှုတွင် ကမ္ဘာ့ ဒုတိယ အကြီးဆုးံမင်းကွန်းခေါင်းလောင်းကို အလယ်တွင်ထား၍ စပါးနှံများ ၊စစ်ကိုင်းတံတားပုံ၊ ခရိုင်၁၁ အားကိုယ်စားပြု ကြယ်ပွင့်များ နှင့် ဝါ၊စိမ်းနီ အောက်ခံ ကို ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။

” ခရိုင် ၁၁ ခုကို ကြယ်ပွင့် ၁၁ပွင့်နဲ့ကိုယ်စားပြုတော့ သီးခြားတည်ရှိတဲ့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျမပါဘူး၊ဒါကို တခြားကြယ်တွေနဲ့မတူတဲ့ ဥပမာ ဓူဝံကြယ် လိုထပ်တိုးပြီး ဆောင်ရွက်လျင် ကိုယ်စားပြုမှု အဓိပ္ပါယ်ပြည့်စုံမယ်” ဟု လေရှီးမြို့နယ်လွှတ်တော်အမတ် ဦးရိထင် ကဆွေးနွေးသည်။

တပ်မတော်သားလွှတ်တော်အမတ်အပါအဝင် လွှတ်တော်အမတ် ၈ ဦး ကန့်ကွက်ဆွေးနွေးမှု၌ ခရိုင်များသည်လည်း ထပ်တိုးနိုင်ခြင်းကြောင့် ခရိုင်ကိုယ်စားပြု မဆွဲသင့်ကြောင်း၊ မင်းကွန်းခေါင်းလောင်းသည် ကမ္ဘာ့ဒုတိယအကြီးဆုးံဆိုသော်လည်း နောင်တွင် ၎င်းထက်ကြီးမားသောခေါင်းလောင်းပေါ်နိုင်ခြင်း၊သဘာဝဘေးများကြောင့် ပျက်စီးနိုင်ခြင်း၊ ဆန်စပါးထွက်သော တိုင်းဒေသကြီးဖြစ်သော်လည်း အခြားတိုင်းဒေသကြီးများတွင်လည်း စိုက်ခြင်း စသော အချက်များကို ထောက်ပြဝေဖန်ခဲ့ကြသည်။

” ခဏခဏ ကန့်ကွက်နေရတဲ့ ကိုယ်စားလှယ်တွေလည်း သဘောထားသေးရာ ရောက်ပြီး အလုပ်မရှိကြောင်ရေချိုးတဲ့ပုံစံဖြစ်နေတယ် “ဟု မြောင်မြို့နယ် လွှတ်တော်အမတ် ဒေါ်အေးမြတ်မွန်ကပြောသည်။

စစ်ကိုင်းတိုင်းတွင် အခြားသောမပျောက်မပျက်တည်ရှိနိုင်သည့် အရာများဖြစ်သည့် မင်းဝံတောင်တန်း၊ ချင်းတွင်းမြစ်၊စာရာမေတိ တောင် စသော အထင်ကရများကို လိုဂိုရေးဆွဲရာတွင်ထည့်သွင်းသင့်သည်ဟု လွှတ်တော်အမတ်များက အကြံပြုသည်။

” အရေးကြီးတဲ့အချက်ကတော့ အလံနဲ့ လိုဂိုကို အတည်မပြုနိုင်သေးရင် အရင်ကဟာကိုပဲ ဆက်အသုးံပြုရမှာဖြစ်ပါတယ်၊၂၀၂၀ ရွေးကောက်ပွဲ နီးကပ်နေပြီဆိုတာကိုလည်း သတိပြုစေချင်ပါတယ် “ဟု အလံနှင့်လိုဂိုသစ် တင်သွင်းသူ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက လွှတ်တော်တွင်ပြောသည်။

ယခင်က သုးံနေသော အလံနှင့်လိုဂိုမှာ ပြည်ခိုင်းဖြိုးပါတီမှ အသုးံပြုနေသော အမှတ်တံဆိပ်နှင့် ထပ်တူနီးပါးတူနေ၍ သိသာထင်းရှားကွဲလွဲသောလိုဂိုပြောင်းရန် မုံရွာမြို့နယ် လွှတ်တော်အမတ်ဒေါ်အမာကြည်မှ အဆိုတင်သွင်းအောင်မြင်ခဲ့ခြင်းဖြစ်သည်။

နှစ်ကြိမ်အပယ်ခံရသော အလံနှင့်လိုဂိုအတွက် နောက်တစ်ကြိမ်ပြန်လည် ပြိုင်ပွဲခေါ်ရွေးချယ်မှုတွင် လွှတ်တော်အမတ်များကိုပါ အချိုးကျ ထည့်သွင်း သွားမည်ဟု လွှတ်တော်ဥက္ကဌဦးသန်းမှ ကြေညာခဲ့သည်။

အဆိုတင်သွင်းချိန်မှ ယနေ့အထိ တစ်နှစ်နီးပါးကြာသော်လည်း အလံနှင့်လိုဂိုသစ်ကို ရွေးချယ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here