စစ်ကိုင်းတိုင်း ကိုဗစ်လူနာ ၂၂၆ ဦးရှိ၊ ၉၉ ဦး ဆေးရုံဆင်းထား

0
16

မုံရွာဂေဇက်
မုံရွာ၊ အောက်တိုဘာ – ၁၄

စစ်ကိုင်းတိုင်းအတွင်း ယနေ့ နံနက်ပိုင်းအထိ မြို့နယ် ၂၃ ခု၌ ပိုးတွေ့လူနာ ၂၂၆ ဦးထိရှိပြီး ၉၉ ဦးမှာ ဆေးရုံဆင်းပြီဖြစ်သည်။

ယင်းလူနာစာရင်းမှာ အခြားသောတိုင်းနှင့်ပြည်နယ်များရောက် စစ်ကိုင်းတိုင်းလိပ်စာဖြင့် ပိုးတွေ့လူနာ စာရင်းကိုထည့်သွင်းဖော်ပြထားခြင်းမရှိပါ။

လူနာများတွင် ကလေးမြို့နယ်နှင့် မုံရွာမြို့နယ်တို့တွင် အများဆုံးဖြစ်နေသည်။

ပြည်တွင်း၌ အောက်တိုဘာ ၁၃ ရက်နေ့ ည ၈ နာရီအထိ ထုတ်ပြန်ထားချက်အရ လူနာပေါင်း ၃၀၄၃၇ ဦး၊ ဆေးရုံဆင်းခဲ့သူ ၁၁၇၆၉ ဦးနှင့် သေဆုံးသူ ၆၉၃ ဦး ရှိနေသည်။