စစ်ကိုင်းရေနံချက်ဖို မီးလောင်မှုဖြစ်စဉ်အား မီးပေါ့ဆမှု၊ တရားမဝင်ရေနံချက်မှုများဖြင့် အမှုဖွင့်

0
38

စစ်ကိုင်းမြို့နယ် ရေနံချက်ဖို မီးလောင်မှုအား မီးပေါ့ဆမှုအပြင် တရားမဝင်ရေနံချက်လုပ်မှုဖြင့်ပါ အမှုရေးဖွင့်ထားကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၂၇ ရက်နေ့ ညပိုင်းက စစ်ကိုင်းမြို့နယ် ပန်းချီကျေးရွာတောင်ဘက် တစ်မိုင်ခန့်အကွာရှိ ကွင်းပြင်ထဲ၌ ချက်လုပ်နေသည့် ရေနံချက်ဖိုတစ်ခု၏ ဓာတ်ဆီအငွေ့ထွက်သည့် ပိုက်လိုင်း အပူလွန်ကဲကာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

ရေနံချက်ဖိုပိုင်ရှင်အား ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ မီးပေါ့ဆမှုအပြင် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ အရ အမှုရေးဖွင့်ထားကြောင်း သိရသည်။

ရွာသစ်ကြီးနယ်မြေစခန်းမှ စခန်းမှူး ရဲအုပ်ဇော်မျိုးမောင်သည် အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် ရေနံချက်ဖိုပိုင်းရှင်အား အသေးစိတ်စစ်ဆေးရာ ရေနံချက်ဖိုနှင့်ပတ်သက်၍ တရားဝင်လိုင်စင်ပြုလုပ်ထားခြင်းမရှိကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ မူလစွဲဆို ထားသော မီးပေါ့ဆမှုအပြင် ဇန်နဝါရီ ၂၈ ရက်က ထပ်မံ၍ ရေနံဥပဒေဖြင့်ပါဖွင့်လှစ်ရခြင်းဖြစ်ကြောင်းဆိုသည်။ အဆိုပါရေနံချက်ဖို မီးလောင်ကျွမ်း မှုကြောင့် ရေနံချက်ဖိုရှိ ရေနံစိမ်းအချို့ နှင့် ရေနံထားသည့် သံကန် ၁၀ ခုနှင့် အခြားဆက်စပ်ပစ္စည်းများ မီးလောင် ကျွမ်းသွားရာ ကာလတန်ဖိုး ကျပ် ၂၅၀ဝ၀ဝ ဖိုးခန့် ပျက်ဆီးဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။

ရာဇသတ်ကြီးပုဒ်မ -၂၈၅ အရ ပြစ်မှုထင်ရှားလျှင် ထိုသူကို သုံးနှစ် အထိ ထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်ဟု ပြဋ္ဌာန်းထားပြီး ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်သိန်း ၅၀ ဖြစ်စေ စီရင်ခြင်းခံရ မည့်အပြင် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်သော ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here