စစ်ကိုင်းအသင်း လက်ရှိ ချန်ပီယံ ရှမ်းအသင်းအား အိမ်ကွင်းဖွင့်ပွဲရှုံးနှိမ့်

0
122

MPT မြန်မာနေရှင်နယ်လိဂ် 2020 ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၃ မှာ စစ်ကိုင်းယူနိုက်တက် အသင်းဟာ လက်ရှိ ချိန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို အိမ်ကွင်း မုံရွာ မှာ ဒီနေ့ မွန်းလွဲပိုင်းက ဧည့်ခံ ကစားခဲ့ပါတယ်။

စစ်ကိုင်းအသင်းဟာ တစ်ပွဲနိုင် တစ်ပွဲသရေ နဲ့ ရမှတ် ၄ မှတ် နဲ့ အဆင့် ၄ မှာရပ်တည်နေတာပါ၊ ရှမ်း အသင်းက တော့ တစ်ပွဲနိုင် တစ်ပွဲရှုံး နဲ့ အဆင့် ၇ မှာ ရောက်နေပါတယ်။

ဒီနေ့ပွဲမှာ အိမ်ကွင်းပရိသတ် အားနဲ့ စစ်ကိုင်းအသင်းဟာအနိုင်ယူဖို့ အကောင်းဆုံးပြင်ဆင် လာခဲ့ပေမယ့် ချေပဂိုး၊အနိုင်ဂိုးတွေ ခွင့်ပြုပေးလိုက်ရပြီး ရှုံးပွဲ စတင် ကြုံတွေ့ခဲ့ရပါတယ်။

ပထမပိုင်းမှာ စစ်ကိုင်းအသင်းတို့ ဖိကစားနိုင်ပြီး ဂိုးသွင်းမသေချာမှုတွေကြောင့် ဂိုးမရှိ သရေနဲ့ ရပ်နားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ စစ်ကိုင်းအသင်းဟာ တိုက်စစ် မြှင့်လာခဲ့ပြီး ၆၂ မိနစ်မှာ ပက်ထရစ်ရဲ့အနီးကပ်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဂိုးသွင်းခံရပြီးနောက် ရှမ်းအသင်းဟာ ပိုမိုတိုက်စစ်ဆင်လာပြီး ၇၂ မိနစ်မှာ ဆက်ဖြိုးဝေက အနီးကပ်ချေပဂိုးသွင်းခဲ့ပါတယ်။

ရှမ်းအသင်းဟာ တိုက်စစ်မချပဲ ဆက်လတ်ဖိအားပေးခဲ့ပြီ ၇၈ မိနစ်မှာ စစ်ကိုင်းနောက်တန်းက ကစားသမားတွေ လူကပ်ကစားမှုအားနည်းတာကြောင့် ရန်နိုင်ဦး က လွတ်လွတ်ကျွတ်ကျွတ်အပိုင်ကန်သွင်းပြီး အဖိုးတန် အနိုင်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ရန်နိုင်ဦးဟာ အနိုင်ဂိုးသွင်းပြီး အင်္ကျီချွတ် အောင်ပွဲ ခံဟန်နဲ့ ဒိုင် အဆုံးအဖြတ်တွေကြောင့် အိမ်ကွင်းပရိသတ် ပွဲဆူခဲ့ပါတယ်။

စစ်ကိုင်းအသင်းဟာ ဂိုးခွင့်ပြုလိုက်ရပြီးနောက်ပိုင်း တိုက်စစ်ဆင်မှု ပြုလုပ်ခဲ့ရာမှာ ပွဲပြီးခါနီး စစ်ကိုင်းအသင်းခေါင်းဆောင် တိုးဆက်နိုင် နဲ့ ရှမ်းအသင်းက ရန်နိုင်ဦးတို့ ဘောလုံးယှဉ်လုရင်း ထိခိုက်ခဲ့ပါတယ်။

ရန်နိုင်ဦးဟာ နှာခေါင်းမှာ ဒဏ်ရာရပြီး မုံရွာဆေးရုံမှာ နှစ်ချက် ချုပ်ခဲ့ရတယ်လို့ ရှမ်းအသင်းဖေ့စ်ဘွခ် မှာ ဖော်ပြအချက်အရ သိရပါတယ်။

ပွဲအပြီး စစ်ကိုင်းအသင်းက တစ်ဂိုး၊ ရှမ်းယူနိုက်တက် အသင်းက ၂ ဂိုးနဲ့ စစ်ကိုင်းအသင်းတို့ အိမ်ကွင်းအဖွင့်ပွဲ ရှုံးပွဲနဲ့ ကြုံခဲ့ရပါတယ်။

Image may contain: one or more people and outdoor
အိမ်ကွင်းပရိသတ် အားနဲ့ စစ်ကိုင်းအသင်းဟာအနိုင်ယူဖို့ အကောင်းဆုံးပြင်ဆင် လာခဲ့ပေမယ့် ချေပဂိုး၊အနိုင်ဂိုးတွေ ခွင့်ပြုပေးလိုက်ရပြီး ရှုံးပွဲ စတင် ကြုံတွေ့ခဲ့ရပါတယ်။ ဓာတ်ပုံ – ကိုသစ္စာ
Image may contain: one or more people, stadium and outdoor
အိမ်ကွင်းပရိသတ် အားနဲ့ စစ်ကိုင်းအသင်းဟာအနိုင်ယူဖို့ အကောင်းဆုံးပြင်ဆင် လာခဲ့ပေမယ့် ချေပဂိုး၊အနိုင်ဂိုးတွေ ခွင့်ပြုပေးလိုက်ရပြီး ရှုံးပွဲ စတင် ကြုံတွေ့ခဲ့ရပါတယ်။ ဓာတ်ပုံ – ကိုသစ္စာ


LEAVE A REPLY

Please enter your comment!
Please enter your name here