ဆားကျင်းသုဿန် ဘုန်းကြီးပျံလောင်တိုက် သန့်ရှင်းရန်လိုအပ်

0
349

မုံရွာမြို့ ဆားကျင်းသုဿန်(မြို့မ )ရှိ ဘုန်းကြီးပျံလောင်တိုက်မှာ မှောင်မဲ၍ ကြပ်ခိုးများစွဲနေသောကြောင့် သန့်ရှင်းရေးလုပ်ပေးရန် ကရုဏာမြင့်မိုရ်လူမှုကူညီရေးအသင်းဥက္ကဌ ဦးမြင့်သန်းမှ စည်ပင်ထံ‌ တောင်းဆိုခဲ့သည်။

ယနေ့နံနက်ပိုင်း မြို့နယ်စည်ပင်နှင့် ရပ်ကွက်လူထုတွေ့ဆုံပွဲကို နန္ဒဝန်ရပ်ကွက် မန်ကျည်းအုပ်ကျောင်းတွင်ပြုလုပ်စဉ် ယင်းကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

“ဧပြီလတုန်းက လူမှုရေးဝန်ကြီးဌာနနဲ့စည်ပင်ဝန်ကြီးဌာနကို စာတင်တယ်။ဘတ်ဂျက်ရရင် တွက်ပြီးတော့ လုပ်ပေးမယ်ဆိုပြီး အခုချိန်ထိလည်း ဘာမှလုပ်မပေးသေးဘူး”ဟု ဦးမြင့်သန်းက ပြောသည်။

ဆားကျင်းသုဿန်တွင် ချိူင့်ခွက်များကား လမ်းများမကောင်းသဖြင့် ကားများသွားလာရခက်ခဲခြင်း၊ သရဏာဂုံတင်ဇရပ်မှလောင်တိုက်အထိ လမ်းခင်းပေးရန်တို့ကို တောင်းဆိုခဲ့သည်။

ယင်းကိစ္စများကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကျော်မျိူးဝင်းမှ ဆောင်ရွက်ပေးမည်ဟု တွေ့ဆုံပွဲ၌
ပြောခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here