ဆိုလာစွမ်းအင်သုံးကား ကလေးနည်းပညာတက္ကသိုလ် ကျောင်းသားများ စုပေါင်းဖန်တီး

0
354

ကလေးမြို့ နည်းပညာတက္ကသိုလ် ကျောင်းသားများမှ နေစွမ်းအင်သုံး ကားတစ်စီးကို စုပေါင်းတည်ဆောက် ၍ စမ်းသပ်မောင်းနှင်နေကြောင်း ဦး ဆောင်သူကိုဇော်မင်းသူက ပြောသည်။

၎င်းယာဉ်ကို နဃ မေဂျာ မှ ကျောင်းသား ၁၀ဦးက အချိန်တစ်လ ခွဲယူ၍ ဒီဇိုင်းကို အင်တာနက်မှ ရှာဖွေ ကာဖန်တီးခဲ့ခြင်းဖြစ်သည်။ ၎င်း ယာဉ်မှာ ဘက်ထရီတစ်ကြိမ်ဖြည့် သွင်းမောင်းပါက ၁၂ မိုင်အထိ အမောင်းခံသည်ဟု သူကဆက်ပြော သည်။

“ကျောင်းကနေ ကလေးမြို့ထဲထိ ခြောက်မိုင်ကို စမ်းသပ်မောင်းနှင်ခဲ့ တယ်။ ကျွန်တော်တို့ ကလေးမြို့ ကျောင်းမှာ ဒီလိုမျိုးဖန်တီးတာဆိုလို့ ပထမဆုံးအကြိမ်ဆိုတော့ ကိုယ်လည်း ဂုဏ်ယူတာပေါ့” ဟု ကိုဇော်မင်းသူက ဆိုသည်။

အဆိုပါ ကားမောင်းနှင်နိုင်ရန် ဝပ် ၅၀ ရှိ ဆိုလာပြား(၆)ပြားနှင့် ဓာတ်အား သိုလှောင်ရန် ဘက်ထရီ(၆) လုံးကို ထည့်သွင်းအသုံးပြုထားခြင်းဖြစ်သည်။ ကားဘော်ဒီပိုင်းအတွက် တက္ကသိုလ်မှ ထောက်ပံ့ပေးပြီး ကျသင့်ငွေ ၂၅ သိန်းကို တည်ဆောက်သူကျောင်းသား များက ဝိုင်းဝန်းကုန်ကျခံခဲ့သည်။ နေစွမ်းအင်သုံးကားသည် လူဦးရေ ၄ ယောက်သာတင်ဆောင်နိုင်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here