ဆုဖလားရ စစ်ကိုင်းတိုင်း ကရာတေး အသင်းအား ကြိုဆို ဂုဏ်ပြု

0
118

၂၀၁၉ခုနှစ် တိုင်းနှင့်ပြည်နယ်ကရာတေးပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုဖလား နှင့်ရွှေ-ငွေ-ကြေးတံဆိပ်များရရှိ ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးကရာတေး အသင်းကို တိုင်းအစိုးရအဖွဲ့နှင့်တိုင်းအား/ကာ ဦးစီးဌာနမှ ယနေ့ညနေပိုင်းက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

“ကရာတေးဒိုအနေနဲ့စစ်ကိုင်းတိုင်းက ပထမဆုံးအကြိမ်တံခွန်စိုက်ဆုဖလားနဲ့ဆုတွေရလာတာ ဂုဏ်ယူပါတယ်၊အခုထက်ပိုရအောင်ကြိုးစားပေးကြပါ။တိုင်းအစိုးရအနေနဲ့မြို့မိမြို့ဖအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအစွမ်းကုန်ကူညီပေးသွားပါမယ်” ဟု ဒေါက်တာဇော်ဝင်းကပြောသည်။

ကရာတေးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံတွင်ဇူလိုင် လ(၉ ရက် ၁၀)ရက်နေ့များတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းမှ ခန္တီး၊ယင်းမာပင်၊ရွှေဘို၊စစ်ကိုင်း၊မုံရွာခရိုင်တို့မှ ကစားသမား ၁၃ ဦးအား စေလွှတ် ယှဉ်ပြိုင်စေခဲ့သည်။

“အမာခံ ကစားသမားအတော်များများကအရှေ့တောင်အာရှ အားက စားပွဲမှာရွေးချယ်ခံရဖို့အလားအလာတွေအများကြီးရှိပါတယ်”ဟုနည်းပြချုပ်ဦး အောင်ကိုကိုလတ်ကပြောသည်။

အောင်ပွဲရ ကရာတေးသမားများကို တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ကိုယ်စားဝန်ကြီးဒေါက်တာဇော်ဝင်း ကကျပ်(၇)သိန်းခွဲပေးအပ်ချီးမြှင့်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here