ဆေးလိပ်သောက်တာ ဖြတ်လိုက်ပြီးတဲ့နောက် ဘာတွေဖြစ်တတ်လဲ

0
122
Quitting smoking concept. Hand is rejecting cigarette offer.

သြစတေးလျလူမျိုး ၁၃ % ခန့်ဟာနီကိုတင်းစွဲနေတတ်ပါတယ်။မြန်မာပြည်မှာတော့ ၄၀ % လောက်ရှိမယ်ထင်ပါတယ်။ ဒီလိုနီကိုတင်းစွဲတာကနေ ဆက်ဖြစ်တတ်တာကအဖျားလိုရောဂါမျိုးနဲ့ အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါတွေပါ။ လူတစ်ယောက်ဆေးလိပ်ဖြတ်လိုက်တာနဲ့ တပြိုင်နက်သူတို့ ခန္ဓာကိုယ်က ပျက်စီးမှုတွေကိုစတင်ပြင်ဆင်ပါတော့တယ်။

ဆေးလိပ်ဖြတ်လိုက်တဲ့အခါ အထူးကုသမှုဟာခန္ဓာကနေပြီးမိနစ် အနည်းငယ်အကြာမှာဘဲ စတင်ဆောင်ရွက်ပါတော့တယ်။အဲဒီကနေ ၁၅ နှစ်ခန့်ကြာတတ်ပါတယ်။မိနစ် ၂၀ အကြာမှာ- နှလုံးခုန်နှုန်းတွေ၊ သွေးဖိအားတွေက ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါတွေကဆေးလိပ်သောက်ချိန်မှာ ပြန်လည်မြင့် တက်လာပါတယ်။


နာရီ ၁၂ အကြာ-သွေးထဲမှာရှိနေတဲ့ တိုးနေတဲ့ ကာဗွန်မိုနောက်ဆိုက်လယ်ဗယ်ဟာပုံမှန် အဆင့်ကိုပြန်
ရောက်သွားပါတယ်။


၅ ရက်အကြာ-ခန္ဓာကိုယ်မှ နီကိုတင်းအများစုကို ချေဖျက်ပြီးချိန်ပါ။ ၂ ပတ်အကြာ- သွေးများစီးဆင်းလာတာ၊ အဆုတ်ထဲကိုလေဝင်၊ ထွက်တွေ တိုးတက်ကောင်းမွန်လာပါတယ်။ ၁ ပတ်မှ ၉ ပတ်အကြာ-အဆုတ်အတွင်းမှ ချွဲကျိအမြှေးပါးပေါ်ရှိအဂါင်္ငယ်လေးဟာ သန့်ရှင်းလာပါတယ်။ ကိုယ်ခံအားစနစ် အားပြန်ကောင်းလာပါတယ်။
၁ နှစ်အကြာ- နှလုံးရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် တစ်ဝက်ခန့်လျော့သွားပါတယ်။
၁၅ နှစ်ခန့်အကြာ-ဆေးလိပ်ဖြတ်ထားသူနှင့် ဆေးလိပ်မသောက်သူတွင်တန်းတူနီးပါး နှလုံးရောဂါဖြစ်နိုင်ခြေ
ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here