အများအားဖြင့် လူ့ခန္ဓာကိုယ်ထဲကဆဲလ်တိုင်းဟာ အဆင့်မြင့်နာနို သက်ရှိတွေလို လုပ်ငန်းတွေ လုပ်ဆောင်ကြ
ပါတယ်။ သူတို့ဟာ အစာစားတယ်၊ သူတို့ဘာသာ ပရိုတိန်းကို ထုတ်ပေးတယ်၊ နပ်ကြော လမ်းကြောင်းတွေကနေ
ခရီးသွားတယ်။ ဒါက သူတို့အတွက်တော့ အင်တာနက်ပေါ့လေ။ ဒီကနေတဆင့် ချိုင့်နေတဲ့ ဆဲလ်တွေနဲ့ အဆက်
မပြတ် တိတွေ့မှုရှိစေပါတယ်။ ဒါ့အပြင်ဆဲလ်တိုင်းမှာ သူတို့ကိုယ်ပိုင် ဦးနှောက်ဆိုတာရှိပါတယ်။ အဲအထဲမှာ မျိုးရိုးဗီဇဆိုင်ရာ သတင်းအချက်အလက်တွေကိုသိုလှောင်ထားပါတယ်။ အဲဒီမှာပဲဆုံးဖြတ်ချက်ချတာကို လုပ်ပါတယ်။
ဆဲလ်တွေ အဲလိုလုပ်တာက ကျနော်တို့ခန္ဒာကိုယ်ရဲ့ လုပ်ငန်းတွေကို တက်တက်ကြွကြွနဲ့ ထိန်းချုပ်နိုင်ဖို့ဖြစ်ပြီး၊
တခြားသော ဆဲလ်တွေနဲ့လည်း ဆက်သွယ်နိုင်ဖို့ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာကျနော်တို့ ဦးနှောက်ထဲက နူရွန်လေး
တွေနဲ့ အတော်တူနေပါတယ်။ ဦးနှောက်မပါတဲ့ ဆဲလ်ဆိုတာလည်းရှိပါတယ်။ ဦးနှောက်မပါတော့ နူးကလီးယပ် မပါတာပါ။ အဲလိုဆဲလ်တွေထဲမှာ သွေးနီဥတွေလည်း ပါပါတယ်။