ဇွဲကပင်ကို သရေကျ၍ အမှတ်ပေးဇယားဦးဆောင်ခွင့် စစ်ကိုင်းယူနိုက်အသင်းဆုံးရှုံး

0
117

မြန်မာနေရှင်နယ်လိဂ်မှာ စစ်ကိုင်းတိုင်းကိုယ်စားပြု ကန်နေတဲ့စစ်ကိုင်းယူနိုက်တက်အသင်းဟာ ဒီနေ့ မုံရွာအိမ်ကွင်းမှာ ဧည့်သည် ဇွဲကပင်အသင်းကို သရေကျခဲ့လို့ အမှတ်ပေး ဇယား ဦးဆောင်ဖို့ အခွင့်အရေး ဆုးံရှုးံခဲ့ပါတယ်။

အမှတ်ပေးဇယားအပြောင်းအလဲဖြစ်နိုင်တဲ့ MPTမြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၅ ရဲ့ နောက်ကျပွဲစဉ်တစ်ခုကိုယနေ့ မုံရွာကွင်းမှာပြုလုပ်ခဲ့တာပါ

စစ်ကိုင်းအသင်းဟာ ဒီပွဲကို နိုင်ရင် ရန်ကုန်၊ဟံသာဝတီအသင်းတို့နဲ့ ရမှတ် ၁၀ မှတ်တူ ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယား ထိပ်ဆုးံမှာ နေရာယူခွင့်ရမှာဖြစ်ပေမယ့် ဧည့်သည်ဇွဲကပင်ရဲ့ မာမာထန်ထန် တုန့်ပြန်ကစားမှုကြောင့် တစ်ဂိုးစီ သရေနဲ့ကျေနပ်ခဲ့ရပါတယ်။

ပထမပိုင်းပွဲစမှာ ထောင့်ကန်ဘောက တဆင့် စစ်ကိုင်းအသင်းတို့ ဂိုးစရပေမယ့် ဒိုင်က ခွင့်မပြုခဲ့ပါဘူး၊

၁၈ မိနစ်အကြာမှာတော့ ဇွဲကပင်အသင်း မှာခြေစွမ်းပြနေတဲ့ နံပတ် ၇၇ ပြင်ပကစားသမား Ken ကဖြတ်တင်ဘောကို ရင်ဘက်နဲ့ထိန်းပြီးမြေလှိမ့်ဘောကန်သွင်းယူခဲ့ပါတယ်။

ဂိုးပေးလိုက်ရလို့အိမ်ရှင်အသင်းဟာ ပိုဖိကစားလာပြီး ၇မိနစ်အကြာမှာ ဖရိုတ်ဒေးက ခေါင်းတိုက်ပြီး ချေပဂိုးသွင်းခဲ့ပါတယ်။

ဒုတိယ ပိုင်းမှာ တစ်ဘက်နဲ့တစ်ဘက် သူတင် ကိုယ်တင် ကစားနိုင်ခဲ့ပြီး စစ်ကိုင်းယူနိုက်တက်အသင်း ဟာ ဂိုးပေါက်ခြိမ်းခြောက်ခွင့် ၄လုးံ ရပေမယ့် ဂိုးအဖြစ်မပြောင်းနိုင်ပါဘူး၊ လူစားလဲခဲ့တဲ့ နှစ်ယောက်ဟာလည်း အလုပ်မဖြစ်ခဲ့ပါဘူး၊

ဒီပွဲမှ ဒိုင်ရဲ့ ဆုးံဖြတ်ချက်တွေကို အိမ်ကွင်းပရိတ်သတ်တွေ က နဲ့ ကစားသမားတွေက စောဒက တက်ခဲ့ကြပါတယ်၊

ဒီနေ့ပွဲမှာ သရုပ်ဆောင် နေမင်း၊ မာန်ဟိန်း နဲ့ မော်ဒယ် သရုပ်ဆောင် ထားထက်ထက်တို့က မုံရွာပရိတ်သတ်နဲ့အတူ ရှိခဲ့ပြီး ဂိမ်းများကစားကာ MPTရဲ့ လက်ဆောင်တွေ ချီးမြှင့်ခဲ့ပါတယ်။

ဒီပွဲမှာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊လွှတ်တော်ဥက္ကဌ ဦးသန်း၊ လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်း၊တို့ဟာ စစ်ကိုင်းယူနိုက်တက်ပိုင်ရှင် ဇာတ်မင်းသား ဖိုးချစ်နဲ့အတူ လာရောက်ကြည့်ရှု့အားပေးခဲ့ကြတာ တွေ့ရပါတယ်။

ဒီနေ့သရေပွဲကြောင့် စစ်ကိုင်းအသင်းဟာ ပွဲစဉ် ၅ အပြီး ရမှတ် ၈ မှတ်နဲ့ အဆင့် ၅နေရာ ရောက်သွားပါတယ်။

စစ်ကိုင်းအသင်းဟာ အိမ်ကွင်း ၅ပွဲဆက်တိုက် လက်ခံကစားရာမှာ နှစ်ပွဲနိုင်၊နှစ်ပွဲသရေ၊တစ်ပွဲရှုးံ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်

LEAVE A REPLY

Please enter your comment!
Please enter your name here