တက္ကသိုလ်ဝင်တန်း ဖြေရန် ကျောင်းသား၊ ကျောင်းသူ ခြောက်ထောင်ကျော် ပျက်ကွက်

0
138

စစ်ကိုင်းတိုင်းတွင် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာစတင် ဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ ၆ ထောင်ကျော် ဖြေဆိုရန် ပျက်ကွက်ကြောင်း တိုင်းပညာရေမှူးရုံးမှ သိရသည်။

ယခုနှစ်တွင် စာမေးပွဲဖြေရန် ကျောင်းသား၊ ကျောင်းသူ ၁ သိန်း ၃ သောင်းကျော် စာရင်းပေးထားခြင်း ဖြစ်သည်။ မြို့နယ် ၃၇ မြို့နယ်တွင် စာဖြေဌာနပေါင်း ၂၄၈ ခု ရှိပြီး ယမန်နှစ်ထက် စာဖြေဌာနများ ၁၈ ခုတိုးထားကြောင်း တိုင်းပညာရေးမှူးရုံး ညွန်မှူး (ပညာ) ဒေါ်ကြည်ကြည်မာက ပြောသည်။

ယခုနှစ်တွင် ဆွံအ၊ နားမကြား၊ မျက်မမြင်နှင့် ကိုယ်အင်္ဂါမသန်စွမ်းသူ ၁၀ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။ ထို့ပြင် အကျဉ်းထောင်တွင် ဖြေဆိုသူ ၃ ဦးနှင့် ဆေးရုံဖြေ ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးရှိကြောင်း သိရသည်။

မြင်းမူ၊ မြောင်၊ ရေဦး၊ ကန့်ဘလူ၊ ခင်ဦး၊ ဘုတလင်၊ ကနီ၊ ပုလဲ၊ ကလေး၊ ဖောင်းပြင်၊ ခန္တီးနှင့် ကသာတို့တွင် စာဖြေဌာန ၁၈ ခု တိုးခြင်းဖြစ်သည်။

ယမန်နှစ်က ဖြေဆိုသူ တစ်သိန်းကျော်တွင် အောင်မြင်သူလေးသောင်းနီးပါးနှင့် ဂုဏ်ထူးရသူ ခြောက်ထောင်ကျော် ရှိခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here