တရုတ်ပြည်ပြန် အလုပ်သမားများ ကသာခရိုင်သို့ရောက်

0
3079

ပင်လည်ဘူး၊ ဧပြီ- ၂၇

တရုတ်ပြည်ပြန် အလုပ်သမား ၁၈၂ ဦးသည် ဧပြီ၂၆ ရက်ညပိုင်းက နှစ်သုတ်ခွဲ၍ ကသာမြို့သို့ ရောက်ရှိလာသည်။

၎င်းတို့သည် ကြံခုတ်အလုပ်သမားအများစု ဖြစ်သည်။

“ရောဂါတွေဖြစ်ကြတယ်လို့ကြားတော့ ကြောက်လို့ပြန်ခဲ့ကြတာပါ။ အလုပ်ရှင်ကလည်းပြန်ခွင့်ပေးတာနဲ့ ကားခလည်း အလုပ်ရှင်က စိုက်ပေးတာ။ တချို့တွေကတော့ လုပ်ငန်းခွင်မပြီးခင်ပြန်လို့ လုပ်အားခတောင် အကုန်မရကြဘူး “ဟု အလုပ်သမဖြစ်သူ မခင်စန်းလှိုင်က ပြောသည်။

တရုတ်ပြည်ပြန် အလုပ်သမားများသည် ကသာမြို့နယ်မှ ၃၁ ဦး၊ အင်းတော်မြို့နယ်မှ ၁၅ ဦး၊ ပင်လည်ဘူးမြို့နယ် မှ ၃၇ ဦး၊ ထီးချိုင်မြို့နယ်မှ ၂၆ ဦး၊ ဝန်းသိုနှင့် ကောလင်းမြို့နယ်မှ ၁ ဦးစီနှင့် အခြားမြို့နယ်မှ ၈၁ ဦးဖြစ်သည်။

၎င်းတို့ကို သက်ဆိုင်ရာမြို့နယ်များက လာရောက်ခေါ်ဆောင်ပြီး မိမိမြို့နယ်အလိုက် COVID-19 စောင့်ကြည့်ရေးစင်တာများတွင် ၂၁ ရက်စောင့်ကြည့်အဖြစ် ထားမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here