တောင်အာရှက ကလေးငယ်များ လေထုညစ်ညမ်းမှုကို အဆိုးရွားဆုံးခံနေရ

0
154

ယနေ့ကာလတွင် မွေးဖွားသောက လေးငယ်များသည် လေထုညစ်ညမ်းမှု ကြောင့် ပျှမ်းမျှအားဖြင့် အသက် လပေါင်း ၂၀ ပိုတိုနိုင်ပြီး အဆိုပါ ရိုက်ခတ်မှုကို အရှေ့ တောင်အာရှ ဒေသတွင် အများဆုံးခံရနိုင်ကြောင်း လေ့လာချက်တစ်ခုက ဆိုသည်။

ဗြိတိန်သျှ ကိုလံဘီယာတက္ကသိုလ် နှင့် အမေရိကန်အခြေစိုက် ကျန်းမာရေး သက်ရောက်မှု ဆိုင်ရာကျောင်းတို့ ပူးတွဲထုတ်ပြန်သော ကမ္ဘာတဝှမ်းလေထု အခြေအနေ အစီရင်ခံစာတွင် လေထု ညစ်ညမ်းမှုသည် ကမ္ဘာတစ်ဝှမ်း သေဆုံးချိန်မတိုင်ခင် သေဆုံးမှုများ ဖြစ်စေသော ၅ ခုမြောက် အကြောင်း အရင်းဖြစ်ပြီး ငှက်ဖျားရောဂါ၊ လမ်း ပေါ်မတော်အဆမှုများ၊ အာဟာရ ပြတ်လပ်ခြင်းနှင့် အရက်ကြောင့် သေဆုံးမှုများထက် သေဆုံးမှုပိုများ နေစေသည်ဟုဆိုသည်။

သို့သော်လည်း တောင်အာရှတွင် နေထိုင်သော ကလေးငယ်များသည် ပြင်ပ လေထုညစ်ညမ်းမှုနှင့် အိမ်တွင်း လေညစ်ညမ်းမှုများကြောင့် လပေါင်း ၃၀ စောပြီး အရွယ်မတိုင်ခင် သေဆုံးနိုင်သည်ဟု အစီရင်ခံစာက ဆိုသည်။

အရှေ့အာရှတွင်မူ လေထု ညစ်ညမ်းမှုကြောင့် ကလေးငယ်များ၏ အသက်သည် ဖွံ့ဖြိုးပြီးနိုင်ငံများရှိရာ အာရှ-ပစိဖိတ်ဒေသနှင့် မြောက် အမေရိက တိုက်က ကလေးငယ်များ ထက် ၂၃ လ ပိုစောကာသေဆုံး နိုင်ကြောင်း အစီရင်ခံစာတွင်ဖော်ပြသည်။

လေထုညစ်ညမ်းမှု အခြေအနေ သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားသည့်ပမာဏထက် ပိုဆိုး မလာပါက ဘဂ္ဂလားဒေ့ရှ်နိုင်ငံ၏ အသက်ရှည်နှုန်း သည် ၁.၃ နှစ်အထိ မြင့်လာနိုင်ကြောင်း ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းအချက်အလက်များကို အသုံးပြုထားသည့်အဆိုပါ အစီရင်ခံစာ က ဆိုသည်။ အိန္ဒိယ၊ နိုင်ဂျီးရီးယားနှင့် ပါကစ္စ တန်နိုင်ငံတို့တွင်မူ အသက်ရှည်နှုန်း သည် ၁ နှစ်နီးပါးအထိရှိလာမည်ဟု ဆိုသည်။

လေထုညစ်ညမ်းမှုအဆင့် လျော့ ကျရန်နိုင်ငံတော်အဆင့် လုပ်ဆောင် နေသော်လည်း တရုတ်နိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း လေထုညစ်ညမ်းမှု ကြောင့်သေဆုံးမှု ၈၅၂,ဝ၀ဝ အထိရှိခဲ့ သည်။ လေထုညစ်ညမ်းမှုကြောင့် သေဆုံး နိုင်မှုနှုန်း အမြင့်ဆုံးဖြစ်သည့်နိုင်ငံ များသည် အာရှနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အင်ဒို နီးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ဖြစ်သည်။ လေထုညစ်ညမ်းမှုကြောင့် ၂၀၁၇ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းက ကျန်းမာစွာ ရှိသောအသက်ပေါင်း ၁၄၇ သန်း ဆုံးရှုံးခဲ့ရသည်ဟု အစီရင်ခံစာက ဆိုသည်။

ချက်ပြုတ်ရန်နှင့် အိမ်အပူပေးရန် ကျောက်မီးသွေး၊ ထင်းနှင့် မီးသွေးသုံး သောကြောင့် အိမ်တွင်းလေထု ညစ်ညမ်းမှုကို ထိတွေ့မှုရှိသူ အများစု သည် တောင်အာရှ၊ အရှေ့အာရှနှင့် ဆာဟာရဒေသခွဲ အာဖရိကတိုက် တွင်ဖြစ်ကြောင်း အစီရင်ခံစာရဆိုသည်။

ကမ္ဘာ့လူဦးရေစုစုပေါင်း၏တစ်ဝက် သည် အိမ်တွင်းလေထုညစ်ညမ်းမှုကို ထိတွေ့နေရပြီး အိန္ဒိယတွင် လူပေါင်း ၈၄၆ သန်းနှင့် တရုတ်နိုင်ငံတွင်လူပေါင်း ၄၅၂ သန်း အထိရှိနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here