တောပြုန်းသည့်နေရာများ ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး နှစ်သိန်းကြဲမည်

0
6159
သစ်တာဝန်ထမ်းအင်အားဖြင့် မြေပြင်တွင် သစ်စေ့မြေလုံးများ ကြဲပတ်စဉ် ဓာတ်ပုံ- sagaing FD

ကိုအောင်ကြီး
မုံရွာ၊ ဇွန်-၃

စစ်ကိုင်းတိုင်းအတွင်း ရွှေသတ္ထုတူးဖော်မှု အကျိုးဆက်ကြောင့် နှစ်ပေါင်းများစွာ သစ်ပင်ပေါက်ခြင်းမရှိတော့သည့် တောင်ကတုံးနေရာများသို့ သစ်စေ့များပါသည့်မြေလုံး ၂ သိန်းကို ယခုလ ၁၁ ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် ကြဲချမည်ဟု တိုင်းသစ်တောဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်ဝင်းထွန်းက ပြောသည်။

ဟုမ္မလင်းမြို့နယ်ရှိ မြေဧက ၄၈၀ တွင် နေရာ ၉ နေရာခွဲ၍ သစ်စေ့မြေလုံး ၁ သိန်း၊ ဝန်းသိုမြို့နယ်တွင် မြေ ၉၂ ဧက၌ နေရာ ၄ နေရာခွဲ၍ သစ်စေ့​ေမြလုံး ၁ သိန်းတို့ကို ကြဲမည်ဖြစ်သည်။

“ရဟတ်ယာဉ်နဲ့ ကြဲမှာ ခုမှ ပထမဆုံးပါ။ အရင်ကတော့ လူအင်အားနဲ့ပဲ လုပ်ရတယ်။ အပင်ပေါက်နှုန်းကိုလည်း ပြန်လည်ဆန်းစစ်သွားမှာပါ”ဟု ဦးအောင်ဝင်းထွန်းက ပြောသည်။

မေလအတွင်းကလည်း ရွှေတူးဖော်မှုများသော ကသာခရိုင်အတွင်း ကောလင်း၊ ဗန်းမောက်မြို့နယ်နှင့် ဟုမ္မလင်း၊ ခန္တီးမြို့နယ်တို့ရှိ မြေဧက ၁၈၄၅ ဧကတွင် သစ်စေ့ ၂၈ သိန်းကျော်ပါသည့် မြေလုံး ၆ သိန်းကျော်ကို သစ်တောဝန်ထမ်းများအင်အားဖြင့် မြေပြင်မှ ကြဲဖြန့်ခြင်းများကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

သစ်စေ့မြေလုံးများကြဲရာတွင် ဒေသနှင့်ကိုက်ညီသော ကုက္ကိုလ်၊ ရှား စသော မျိုးစေ့များကို ထည့်သွင်းထားသည်ဟု သစ်တောဦးစီးဌာနကဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here