တောအတွင်း ဟင်းစားရှာသွားသော ဒေသခံနှစ်ဦး ဝံကုတ်ခံရ

0
56

မောင်စိန်ချို
ပင်လည်ဘူး၊ သြဂုတ် – ၁၁

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်၊ နန်းတပ်အုပ်စု၊ သာယာကုန်းကျေးရွာနေ အမျိုးသားနှစ်ဦး ဝံကုတ်ခံရပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သာယာကုန်းကျေးရွာနေ ဒေသခံသုံးဦးတို့သည် ရွာ၏ အနောက်ဘက် ခန္တီတောင်ငုတ်တိုတောသို့ သြဂုတ် ၉ ရက်နေ့က ဟင်းစားသွားရှာရာမှ နေ့လယ် ၁ ခန့်အချိန်တွင် ၎င်းတို့အနက် အသက် ၄၀ ခန့် အမျိုးသားနင့် ၃၀ ခန့် အမျိုးသားတို့မှာ တောတွင်းတိရိစ္ဆာန် ဝံနှင့် တွေ့ပြီး အကုတ်ခံခဲ့ရခြင်း ဖြစ်သည်။

“ရွာကလူတွေကို ဖုန်းဆက်ခေါ်ခဲ့မှ အထမ်းလိုက်သွားကြတာ။ သူတို့ စခန်းချ နားကြတဲ့နေရာ ရောက်နေကြပြီ။ ကုတ်တာတွေရော၊ ကိုက်တာတွေရောတဲ့။ ဒဏ်ရာတွေကတော့ နေရာအနှံ့ ရထားကြတာတွေ”ဟု လိုက်ပါသယ်ယူခဲ့သူတစ်ဦးက ပြောသည်။

တောထဲသွားသော သုံးဦးအနက် နှစ်ဦးမှာ ဝံကုတ်ခံရပြီး အသက် ၄၀ အမျိုးသားမှာ မျက်နှာနှင့် လက်မောင်းတို့တွင် ရရှိသော ဒဏ်ရာများသောကြောင့် ပင်လည်ဘူးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here