ဒီပဲယင်းတွင် လမ်းဘေးသစ်ပင်ခုတ် သူများကို တရားစွဲမည်

0
208

ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် လပ်လှုပ်ရွာအဝင် ရွာချင်းဆက်လမ်းပေါ်ရှိ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားသော သက်တမ်းရင့်ကုက္ကိုပင်ကြီးများအား ခုတ်လှဲသူများကို တရားစွဲသွားမည်ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ယနေ့ လွှတ်တော်တွင်ပြောသည်။

ဆည်မြောင်းဟောင်းဘောင်ပေါ်တွင်ရှိသော သစ်ပင်များအား တောင်သူဦးကျော်ဝင်းပါ လူတစ်စုက ၎င်းတို့ယာမြေပေါ်သို့ သစ်ပင်အရိပ်ကျသည်ဟုဆိုကာ အပင်လိုက်ခုတ်လှဲပစ်ခဲ့ခြင်း ဖြစ်သည်။

“ဆည်မြောင်းတာတမံပေါ်က သစ်ပင်တွေကို ခုတ်ယူအသုံးပြုနေတဲ့ ပုဂ္ဂိုလ်များကို တူးမြောင်းအက်ဥပဒေ ပုဒ်မ ၇၅ အရ တရားစွဲဆိုသွားမယ်”ဟု ဦးကမ်ဇာမုံက ပြောသည်။

၎င်းသစ်ပင်ကြီးများအား ဆက်မခုတ်စေရန် အလျင်အမြန်အရေးယူပေးရန် ဒီပဲယင်း အမတ်ဒေါ်နှင်းခိုင်စိုးက ယနေ့ကျင်းပသော စစ်ကိုင်းတိုင်းလွှတ်တော်သို့ တင်ပြခဲ့သည်။

“သူတို့က ခုတ်တာနဲ့ ရွာကအခြားလူတွေကပါ ခုတ်ဦးမယ်ဆိုပြီး တောင်းလာတာ ရှိတယ်။အောက်ခြေမှာ အမျိုးမျိုးညှိခဲ့ပြီးပြီ။ မရတာနဲ့ လွှတ်တော်တင်ရတော့တာ။ သူတို့တရားစွဲလိုက်မှ နောက်လူတွေ မလုပ်ရဲတော့မှာ”ဟု ဒေါ်နှင်းခိုင်စိုးက ပြောသည်။

ကုက္ကိုပင်များသည် ရွာအဝင်မှစပြီး အပင်၂၀ခန့် အတန်းလိုက်တည်ရှိပြီး ၁၈ပင်မှာ အကိုင်းအခက် မကျန်အောင် ခုတ်ခံခဲ့ရသည်ဟု လွှတ်တော်အမတ်ကဆိုသည်။

ပုံ- ကုက္ကိုပင်များမခုတ်မီ နှင့် ခုတ်ပြီးအခြေအနေများ

LEAVE A REPLY

Please enter your comment!
Please enter your name here