နာဂရွာသစ် နာဟန်တဂပ်ရွာသို့ စားသောက်ကုန်များ လှူ

0
1800

နွမ်းနွမ်း
နန်းယွန်း၊ အောက်တိုဘာ- ၁၄

နန်းယွန်းမြို့နယ်ရှိ ရွာသစ်​​ဖြစ်သည့် နာဟန်တဂပ်ရွာသို့ နန်းယွန်းလူငယ်များမှ ဆန်၊ ဆီ၊ ဆား၊ ဖယောင်းတိုင်နှင့် ကလေးမုန့်များ လှူဒါန်းခဲ့ကြောင်း ကိုအိုက်ဇက်ဟန်က ပြောသည်။

တစ်အိမ်ထောင်လျှင် ဆန် ၁ပေါင်၊ ဆား ၂ထုပ်၊ ဆီ ၁ဘူး၊ ဖယောင်းတိုင် ၁ ထုပ်၊ ကလေးစားစရာမုန့်များနှင့် အခြားပစ္စည်းများ လှူဒါန်းကြကြောင်း သိရသည်။

“အဓိက ရည်ရွယ်ချက်ကတော့ ဒီလိုလုပ်ခြင်းဖြင့် ပတ်ဝန်းကျင်ကလည်း မြင်မယ်။ တခြားသူတွေကလည် း ဒီလိုလုပ်ရမယ်ဆိုတာ သိလာစေချင်တယ်။ ကျွန်တော်တို့ နွေးထွေးမှုကို ပြချင်တာပေါ့။ သူတို့က ပြောင်းလာတာ မကြာသေးဘူးဆိုတော့ သူတို့ကို ပစ်မထားတယ်ဆိုတာ ပြချင်တာဖြစ်တယ်”ဟု ကိုအိုက်ဇက်ဟန်က ပြောသည်။

ထိုရွာသည် နန်းယွန်းမြို့မှ ၉ မိုင်ခန့်ဝေးပြီး ကချင်ပြည်နယ်နှင့် နာဂဒေသနယ်စပ်တွင်ရှိသည့် ရွာဖြစ်သည်။

နာဟန်တဂပ်ရွာသည် ရွာသစ်တည်ထားသည်မှာ မကြာသေး၍ လုပ်ငန်းများ အခြေကျရန် မလွယ်ကူကာ ဒေသခံများသည် စားဝတ်နေရေးခက်ခဲနေသည်။

၎င်းရွာတွင် အိမ်ထောင်စု ၅၀ရှိပြီး လူဦးရေ ၃၀၀ကျော်ရှိသည်။