နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကမ်းလှမ်းမှု နာဂအမျိုးသားပါတီ ငြင်းပယ်

0
81

နန်းယွန်း၊ ဖေဖော်ဝါရီ – ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းမှုကို နာဂအမျိုးသားပါတီ (NNP) မှ ငြင်းပယ်လိုက်ကြောင်း ပါတီဥက္ကဋ္ဌ ဦးရှု့မောင်က ပြောသည်။

“နေပြည်တော်ကနေ တိုက်ရိုက်ဖုန်းဆက်လာတာ။ ပြည်ထောင်စုအဆင့် အစိုးရဖွဲ့စည်းမှုမှာ ပါဝင်ဖို့ ပြောတာ မနေ့က ငြင်းလိုက်တယ် ပါတီမှာလည်း တိုင်ပင်ညှိနှိုင်းပြီးတော့မှ”ဟု ပြောသည်။

ကောင်စီအနေဖြင့် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် နေပြည်တော်မှ ဖုန်းဖြင့်ဆက်သွယ်လာရာ ၆ ရက်နေ့တွင် ငြင်းပယ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ပါတီအနေဖြင့် ၄င်းအစိုးရဖွဲ့စည်းမှုတွင် ပါဝင်ဖို့ အဆင်သင့်မရှိခြင်း၊ အာဏာသိမ်းဖြစ်စဉ်ကို လက်မခံကြောင်းနှင့် နည်းလမ်းမှန်ကန်စွာ ဖြစ်ပေါ်လာသော အစိုးရသစ်မျိုးကိုသာ လိုလားသောကြောင့် ငြင်းပယ်လိုက်ခြင်း ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ပါတီအနေဖြင့် ပါတီ၏ လုပ်ငန်းစဉ်တိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီ၏လုပ်ငန်းစဉ်နှင့်ကိုက်ညီပါက လက်ခံသင့်သည်များကိုလက်ခံခြင်း ငြင်းစရာရှိပါက ငြင်းဆန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးရှု့မောင်ကပြောသည်။