ပင်လည်ဘူးတွင် NLDပါတီဝန်းရံသူ ထောင်ချီ အင်အားပြ

0
3314
ဓာတ်ပုံ - မောင်စိန်ချို

မောင်စိန်ချို
ပင်လည်ဘူး၊ အောက်တိုဘာ- ၁၄

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်တွင် NLDပါတီဝန်းရံသူ ထောင်ချီ အင်အားပြခြင်းကို ယနေ့ ပြုလုပ်သည်။

ပင်လည်ဘူးမြို့ ကားဝင်းအတွင်း နံနက် ၇နာရီခွဲတွင် စုစည်းပြီး မြို့ထဲလမ်းမကြီး၌ စီတန်း လှည့်လည်ကြသည်။

“ရောဂါလည်း ကြောက်တော့ကြောက်တယ်။ အမေစုကို ချစ်လို့ လာပြီးဝန်းရံတာ”ဟု ဆိုင်ရာကြီးကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

NLDပါတီအောင်နိုင်ရေး အင်အားပြပွဲအား မိုင် ၂၀ခန့်ဝေးသော ကျေးရွာများမှလည်း လာရောက်ပူးပေါင်းကြသည်။

NLDအောင်နိုင်ရေး အင်အားပြပွဲတွင် ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ လေးဘီး၊ ခြောက်ဘီး၊ ဆယ်ဘီး၊ ဆယ့်နှစ်ဘီးကားကြီးများဖြင့် လူအပြည့်လိုက်ပါပြီး အောင်နိုင်ရေးသီးချင်းဖွင့်၍ ကြွေးကြော် လှည့်လည်ကြသည်။