ပင်လည်ဘူး၊ ပင်းမူရွာတွင် သောက်သုံးရေအတွက် လက်ယက်တွင်းများသာ အားကိုးနေရ

0
920

ကောလင်းခရိုင် ပင်လည်ဘူးမြို့နယ် ပင်းမူရွာတွင် သောက်သုံးရေရှားပါးမှုကြောင့် လက်ယက်တွင်းများတူး၍ သုံးစွဲနေရကြောင်း ဒေသခံများက ပြောသည်။

၎င်းကျေးရွာသည် နွေရာသီရောက်တိုင်း သောက်ရေရှားပါးမှုကြောင့် ရွာ၏မြောက်ဘက် ၁ မိုင်ခန့်အကွာ လျှိုအတွင်း လက်ယက်တွင်းများတူး၍ သွားရောက်ခပ်ယူသုံးစွဲနေရသည်။

“ရေက သောက်ရေတင်မကဘူး သုံးရေရောရှားပါနေတာ” ဟု ပင်းမူရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောသည်။

၎င်းကျေးရွာတွင် လက်တူးရေတွင်းနှင့် ပိုက်ရေတွင်း ၁၂ တွင်းခန့်ရှိပြီး ယခုချိန်တွင် ရေခမ်းခြောက်ခြင်း၊ ရေထွက်နည်းခြင်းများ ဖြစ်နေသည်။

၎င်းရွာတွင် ၂၀၀၇ ခုနှစ်က မြို့နယ်စည်ပင်မှ စက်ရေတွင်းတူးဖော်ပေးထားသော်လည်း ရေထွက်နည်း၍ လုံလောက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာသောက်သုံးရေရှားပါးမှုကို မြို့နယ်ကျေးလက်ဦးစီးဌာနမှ မတ်လ အတွင်းက လာရောက်ကြည့်ရှု့မှုများ ရှိခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here