ပိုမိုကောင်းမွန်သော အမျိုးသားရေးဝါဒထူထောင်ခြင်း

0
222

ထရမ့်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက မိန့်ခွန်းတစ်ခုပြောရာမှာ အမေရိကသည်သာ ပထမဆိုသော သတင်းစကားကိုထပ်ပြောခဲ့ပြီး၊ အကျင့်ပျက်နေတဲ့ အာဏာငတ်မွတ်နေတဲ့ ကမ္ဘာ့လုံးဆိုင်ရာဝါဒီ တွေဆိုတာ ထည့်ပြောခဲ့ပါ တယ်။ နောက်တစ်ခုပြောတာက အဲလူတွေမှာ စကားတစ်လုံးရှိဗျသိလား ဘာတဲ့အမျိုးသားရေး ဝါဒီလားပဲဗျ ပြောရရင်ဗျာ ကျနော်တို့ ဒီစကား သုံးမလို့ မဟုတ်ပါဘူး။ ကျနော်လည်း ဘာဆိုတာ သိကြမယ်ထင်ပါတယ် ကျနော်လည်း အမျိုးသား ရေးဝါဒီဗျ လို့ပြောလိုက်တော့ ပရိသတ်က အမေရိ ကကွလို့ အားပေးရင်းအော်ကြပါတယ်။

ထရမ့်သုံးသွားတဲ့ ဒီစကားလုံးကို သူသုံးမများ တော့ပါ။ ဖွံ့ဖြိုးပြီး အနောက်ကမ္ဘာ့က နိုင်ငံရေး သမားအများစုနဲ့ လူ့မလိုင်အလွှာက လူတွေက ဒီအမျိုးသားရေးဝါဒဟာ အန္တရာယ်ရှိတဲ့ ခွဲထွက်မှု ဖြစ်နိုင်တဲ့ လစ်ဘရယ်မကျတဲ့ စိတ်ခံစားမှုတွေ ရှိနေလို့ သံသယနဲ့သာ ဆက်ဆံနေကြရတာပါ။

အမျိုးသားရေးဝါဒဆိုတာက ခေတ်သစ် အမျိုးသားနိုင်ငံတွေပေါ်ထွက်လာဖို့ အကူညီ ပေးနိုင်ခဲ့သလို၊ ကိုလိုနီ စနစ်အောက်ကနေ လွတ် မြောက်အောင် ရုန်းကန်ရတဲ့ လွတ်မြောက်စေတဲ့ အင်အားလည်းဖြစ်ခဲ့ပါတယ်။ နောက်တစ်ချက်က ကမ္ဘာ့စစ်အေးကာလ အတွင်းက ဆိုဗီယက် ဆန့်ကျင်တဲ့ လေထုကိုအရှိန်လည်း အမျိုးသား ရေးဝါဒက တင်ပေးနိုင်ခဲ့ပါတယ်။

သေချာတာ ကတော့ ဒီမိုကရေစီ ကြွယ်ဝတဲ့ ကမ္ဘာကြီးကို ပေါ်ထွက်စေခဲ့တဲ့ အဆင့်မှာ၊ အဲလို စည်ပင် ဖွံ့ဖြိုးနေတုန်းမှာပဲ အဖြေရှာမရတဲ့ ပြဿနာ ပေါင်းများစွာ တနေ့တခြားပေါ်ပေါ် လာနေ ပါတယ်။ ယနေ့ခေတ်မှာ ရေပေါ်ဆီလွှာတို့ရဲ့ နိုင်ငံရေး ဆိုင်ရာ ယူဆချက်တွေဟာလည်း ထိုးနှက်ခံလာ နေရပါတယ်။ အဲထဲမှာ အမျိုးသားရေးဝါဒလည်း ပါဝင်တယ်။ အမေရိကနဲ့ဥရောပက တွေးခေါ်ရှင် အဖွဲ့ငယ်လေးတစ်ဖွဲ့ ဟာ အမျိုးသားရေးဝါဒကို ခုံခံလာတာတွေ့ရပါတယ်။ အဲအဖွဲ့ထဲက တွေး ခေါ်ရှင်လည်းဖြစ်၊ နိုင်ငံရေး သီအိုရီသမားလည်း ဖြစ်တဲ့ ယိုရမ်ဟာဇိုနီဟာ တက်ကြွသူ တစ်ယောက် ပါ။

သူ့ရဲ့ နောက်ဆုံးထွက် စာအုပ်ဖြစ်တဲ့ အမျိုး သားရေးဝါဒရဲ့ ကောင်းကျိုးများ စာအုပ်မှာဆိုရင် အမေရိကန် ကွန်ဆာဗေးတစ် အသိုင်းဝိုင်းကြားမှာ ထင်ရှားလာပါတယ်။ ဒီစာအုပ်ထဲမှာ သူတင်ပြ ထားတာက သူကအမျိုးသားရေးဝါဒကို တက်ကြွ စွာ ခုခံကာကွယ်ထားသလို၊ အမျိုးသားနိုင်ငံတွေ ဘက်ကလည်း ခုခံပြောဆိုထားပါတယ်။

သူက အမျိုးသားရေးဝါဒရဲ့ အားနည်းချက်တွေကို လက်ခံပါတယ်။ သူပြောချင်တာက အနောက်တိုင်း ပညာရှင်တွေက အမျိုးသားရေးဝါဒကို လက်လွတ် လိုက်တာသိပ်မြန်လွန်းတယ်၊ မျှမျှတတနဲ့အနည်း သော ကွာဟချက်လေးကို ဆန်းစစ်မှုတွေ လုပ်နေ သင့်သေးတဲ့ ပညာရပ်တစ်ခုအနေနဲ့ မကြာ သေးခင်နှစ် တွေတုန်းက လေ့လာနေသင့်တာလို့ ဆိုပါတယ်။ သူက ခေတ်ပြိုင် လစ်ဘရယ်ဝါဒနဲ့ နိုင်ငံရေး ကြေညာချက်တွေကို ပြင်းပြင်းထန်ထန် တိုက် ခိုက်ပြီး၊ စစ်အေးနောက်မှာပေးလာတဲ့ အထူး သဖြင့် အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာလုံး ဆိုင်ရာဝါဒီတွေနဲ့ အီးယူတို့ရဲ့အစီအစဉ်ဟာ နယ်ချဲ့ စီမံကိန်းမျှသာဖြစ်တယ်လို့ ဆိုပါတယ်။

လစ်ဘရယ် အင်ပါယာချဲ့ချင်တဲ့ နိုင်ငံရေးစံနှုန်း တွေဟာ ယနေ့ခေတ်အနောက်တိုင်းမှာ အမုန်း တရားနဲ့ သီးမခံနိုင်ခြင်းကို ပိုဆိုးစေတဲ့ အား အကောင်းဆုံး ဓါတ်ကူတွေဖြစ်ခဲ့ပေမယ့်၊ အမျိုး သားရေးဝါဒဟာ အမုန်းတရားနဲ့အစွန်းရောက် တာတွေကို အားပေးခဲ့တယ်ဆိုတာမတရား စွပ်စွဲခံရတာပါလို့ သူကပြောပါတယ်။

အမျိုး သားရေးဝါဒနဲ့ လစ်ဘရယ် နယ်ချဲ့ဝါဒကြားက ဆက်နွယ်မှုအသစ်တစ်ခုကို ကြိုးစားရင်း၊ ဟာဇိုနီ က လစ်ဘရယ်တို့ကို စွပ်စွဲသည်မှာ အမျိုးသား နိုင်ငံတို့ကို တပြေးညီတန်ဖိုးသတ်မှတ်ဖို့ကြိုး စားနေတာလို့ စွပ်စွဲပါတယ်။ အစစ်အမှန်တရား တွေကို ဖယ်ရှားဖို့ရည်ရွယ်တာလို့သူကဆိုပါတယ်။

လက်တွေ့မှာ ကမ္ဘာလုံးဆိုင်ရာ အုပ် ချုပ်ရေးစနစ်ထူထောင်ဖို့ (သို့) လစ်ဘရယ်မကျတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ယဉ်ကျေးမှုတွေကို ဘယ်လစ်ဘရယ်ကမှ ဖိနိပ်ဖို့ ကြိုးစားတာမရှိပါဘူး။ ဒါထက် သူတို့ကြိုးစားနေတာက နိုင်ငံတကာ အင်စတီကျူးရှင်းတွေအတွက် ၊ကဏ္ဍစုံပေါင်းစည်း အတွက်၊ လွတ်လပ်ဈေးကွက်အတွက်၊ လွတ်လပ် ကုန်သွယ်ရေးအတွက်နဲ့ လူတွေရဲ့လွတ်လပ်တဲ့ လှုပ်ရှားမှုတွေအတွက် ကမ္ဘာလုံးဆိုင်ရာတစ်ခုကို ကြိုးစားရှာ ဖွေနေတာပါ။

သူရဲ့ရပ်ခံတင်ပြချက်က အမျိုးသားနိုင်ငံတွေအပေါ် နယ်ချဲ့ဝါဒီတွေရဲ့ ကျူးလွန်စော်ကားမှုကိုပဲဖော်ပြပြီး၊ လစ်ဘရယ်နဲ့ အမျိုးသားရေးဝါဒီတို့ကြားက တန်ဖိုးတွေ မကြာ ခဏ ဖလှယ်တဲ့တန်ဖိုးတွေကို လျစ်လျူရှု ထား သလိုဖြစ်နေပါတယ်။ ပိုတိတိကျကျပြောရရင် ခေတ်သစ်လစ်ဘရယ်ဝါဒဟာ အမျိုးသားနိုင်ငံရေး မူဘောင်ကနေ ပေါ်ထွက်လာတာပါ။

သူ သိပ်ကိုစိတ်အား ထက်ထက်သန်သန်ကာကွယ်ချင် နေတဲ့ ခေတ်သစ်အမျိုးသားနိုင်ငံတွေဟာ တကယ် တော့ လစ်ဘရယ်ဒီမိုကရေစီနဲ့ အမျိုးသားရေး ဝါဒီတန်ဖိုးတွေ ညားကြရာကနေရတဲ့ ရလာတဲ့ ပစ္စည်းတွေလို့ ဆိုနိုင်ပါတယ်။ အမျိုးသားရေးဝါဒ နဲ့ လစ်ဘရယ်ဝါဒတို့ဟာ သူတို့ရဲ့ အယူအဆရေး ရာ အပြန်အလှန် မှီခိုနေမှုကို မကြေညာတဲ့ အချက်က သူတို့ရဲ့ဘုံသဘောတွေနဲ့ အခြေခံ ဆက်နွယ်မှုတွေကို ဝန်ခံရာမှာ အတားမဆီးဖြစ် မနေသင့်ပါဘူး။

ဟာဂိုနီက အမျိုးသားနိုင်ငံကို ထောက်ခံတဲ့ အနေနဲ့ စာရဏဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ကိစ္စ တစ်ခုကို ဖန်တီးပြခြင်းနဲ့ စတင်လိုက်ပါတယ်။ သူပြောတဲ့ နိုင်ငံတစ်ခုဆိုတာ ဘုံဘာသာစကား (သို့) ဘုံဘာသာရေး တစ်ခုပါဝင်တဲ့ လူမျိုးစု တစ်ခုဖြစ်ပြီး၊ အတိတ်တုန်းကလည်း တစ်စု တစ်စည်းအနေနဲ့ ရှိရတယ်လို့ သူကဆိုပါတယ်။ အမျိုးသားနိုင်ငံတစ်ခုဆိုတာ နိုင်ငံတော်တစ်ခု အတွက် အကောင်းဆုံး၊ ဥပဒေစိုးမိုးမှုအရှိဆုံး အခြေခံဖြစ်ရတယ်။

ဘာလို့လဲဆိုရင် လူသားရဲ့ ပြင်းပြတဲ့ ဆန္ဒကိုနားလည်ပြီး ကိုယ်တိုင် အုပ်ချုပ် တာနဲ့ စုပေါင်းလွတ်လပ်ခွင့်ကို အပြည့်ဝဆုံးနဲ့ ကျေနပ်ဖွယ်အရှိဆုံး နည်းလမ်းနဲ့ အောင်မြင် အောင်ခွင့်ပြုရတယ်ဆိုပါတယ်။ အမျိုးသား နိုင်ငံ တွေဟာ ရေရှည်ခံမယ့် နိုင်ငံရေးသမဂ္ဂတွေလို့ ကိုယ်စားပြုတယ်။ ဒီကတဆင့် အဖွဲ့ဝင်အချင်းချင်း အမြင်တွေဖလှယ်ခြင်းရှိရတယ်။

နိုင်ငံတွေကို သူတို့ဘာသာ အုပ်ချုပ်နိုင်စွမ်းရှိအောင် ခွင့်ပြုပေး လိုက်ခြင်းဟာ လှပတဲ့ ယှဉ်ပြိုင်မှုကိုဖြစ်စေပြီး၊ ဒီကနေ သူတို့ပိုကောင်းအောင်လုပ်ဖို့တွန်းအား ပေးရာ ရောက်စေသလို၊ နိုင်ငံသားတွေကိုလည်း အခွင့်လမ်းသစ်တွေ ဖွင့်ပေးလိုက်ရာရောက်ပါ တယ်။ ဟာဇိုနီရဲ့ ဆန်းစစ်မှုဟာ ရှင်းလင်းပြီး ဆွဲဆောင်မှုလည်းရှိပါတယ်။ ဒါပေသိသူက နှစ်နည်းနဲ့ သူပြောတာက ရှုပ်နေစေပါတယ်။

ပထမတစ်ချက်က သူဟာဂျူးတွေစဉ်းစားပုံကို သိပ်အာရုံစိုက်လွန်းခြင်း၊ သမိုင်းကို သိပ်ဇောင်း ပေးလွန်းခြင်း၊ အစ္စရေးအပေါ် သိပ်အလေးထား လွန်းခြင်း၊ နယ်ချဲ့လစ်ဘရယ်တို့က တိုက်ခိုက်တာ ခံရတဲ့ ဇီယွန်ဝါဒကို ပြောလွန်းခြင်းတို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကျယ်ပြန့်တဲ့ ခုခံပြောဆိုမှုဟာ ဘောင် ကျဉ်းသွားတယ်၊ တိကျသေချာမှု နည်းသွားတယ် ခံစားရပါတယ်။ ကမ္ဘာကြီးလည်း ကိုယ်ကျင့်ဆိုင်ရာ နှစ်ခုနဲ့ နိုင်ငံရေးအရရွေးချယ်စရာကြားမှာ ဝေ၀ါး သွားတဲ့ရွေးချယ်စရာကို ရင်ဆိုင်နေရတယ်လို့ သူက ခုခံပြောပါတယ်။

အမျိုးသားနိုင်ငံဆိုတာ အဝေးကနယ်တွေကို စွန့်စားသွားရောက်အောင် နိုင်ခြင်းအတွက် ပြင်းထန်တဲ့ အတွေးအခေါ် တွေရိုက်သွင်းတာဖြစ်တယ်။ အင်ပါဆိုတာကတော့ တစ်ခုတည်းသော အယူအဆနဲ့ တစ်ခုတည်းသော အုပ်ချုပ်မှုအောက်ကို ကမ္ဘာကြီးရောက်လာဖို့ ကြိုးစားခြင်းပဲဖြစ်တယ်။ ဒီနှစ်ခုကြားမှာ ရွေးချယ် စရာက မှုန်ဝါးသွားပါတယ်။ ဒီလို လျော့ချထားတဲ့ မပြည့်စုံတဲ့ အဓိပ္ပါယ်ကနေ ဟာဇိုနီကိုအတိတ်ကို ပြန်ရေးဖို့၊ လက်ရှိအနေအထားကို မှားယွင်းပုံသွင်း ဖို့ ဖြစ်လာစေပါတယ်။

အင်ပါယာဝါဒဟာ ကမ္ဘာပေါ်က အဆိုးရွား ဆုံးသော ဖျက်ဆီးသူများကို မွေးထုတ်ပေးခဲ့တယ်။ နပိုလီယမ်၊ ဟစ်တလာတို့လို ခေတ်သစ်လူသား တွေလည်း ပါတယ်။ အင်ပါယာများစွာဟာ ကမ္ဘာလုံးဆိုင်ရာ သဘောတရားကနေ မောင်နှင် တာပဲဆိုတာကတော့ ဟာဇိုနီမှန်ပါတယ်။ (အဲသဘောတရားတွေကတော့ ဖက်ဆစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ လစ်ဘရယ်ဝါဒတို့ပါ) ဒီဝါဒတွေ ကနေ နောင်မှာ ဖိနိပ်မှုတွေဖြစ်လာပါတယ်။

ဒါပေမယ့် အမျိုးသားနိုင်ငံတွေက ထူထောင်လာ တဲ့ ကိုလိုနီစနစ်တွေ၊ရက်စက်တဲ့ အင်ပါယာတို့ရဲ့ ကျယ်ပြန့်မှုကို သူလျစ်လျူရှုထားပါတယ်။ အမျိုး သားနိုင်ငံတွေဟာ သူ့နိုင်ငံနယ်နမိတ်ထဲမှာပဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ပြီး၊ နယ်ချဲ့ဖို့၊သူများကို အနိုင်ယူဖို့ ဘယ်တော့မှ မလုပ်ခဲ့ရင် သဘာဝအရ ဖြစ်နိုင်တယ်လို့ စာဖတ်သူစဉ်းစားစရာ ချန်ထား ခဲ့ပါတယ်။ အဲလိုသာဆိုရင် အမျိုးသားရေးဝါဒရဲ့ ကျော်စောသတင်းကိုလည်း ခုခံကာကွယ်ပြောဖို့ ပိုလွယ်ပါလိမ့်မယ်။

ရှေ့တပတ်ဆက်လက်ဖော်ပြပါမည်။

Ref: foreign affair 2019

LEAVE A REPLY

Please enter your comment!
Please enter your name here